Latest News
-
တိုင်းဒေသကြီး/ပြည်နယ်အချို့တို့တွင် လေပြင်းများတိုက်ခတ်၊ ထောက်ပံ့ကူညီမှုများဆောင်ရွက်လျက်ရှိ
မြန်မာနိုင်ငံအနေဖြင့် မိုးကြိုကာလများဖြစ်သော မတ်လ၊ ဧပြီလနှင့် မေလများအတွင်း လေပြင်းတိုက်ခတ်ခြင်း၊ မိုးတိမ် တောင်များဖြစ်ပေါ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်းများဖြစ်ပေါ်လေ့ရှိပြီး ယခုနှစ်တွင်လည်း လေပြင်း တိုက်ခတ်မှုများ ဖြစ်ပွားလျက်ရှိရာ (၁၈-၅-၂၀၂၀)ရက်နေ့နှင့် (၁၉-၅-၂၀၂၀)ရက်နေ့များတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ မြို့နယ်(၂)ခု၌ နေအိမ်(၉)လုံး အမိုးအကာလန် ပျက်စီးခြင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မြို့နယ်(၄)ခု၌ နေအိမ်(၁)လုံးပြိုကျပျက်စီးပြီး နေအိမ်(၃၉)လုံးနှင့် ဘာသာရေးအဆောက်အဦ (၁)လုံး အမိုးအကာလန်ပျက်စီးခြင်း၊ ပဲခူးတိုင်းဒေသကြီး၊ မြို့နယ်(၈)ခု၌ နေအိမ်(၅၃)လုံးနှင့် ဘာသာရေးအဆောက်အဦ(၁)လုံး အမိုးအကာလန်ပျက်စီးခြင်း၊ မကွေးတိုင်းဒေသကြီး၊ မြို့နယ်(၁၁)ခု၌ နေအိမ်(၂)လုံးပြိုကျပျက်စီးပြီး နေအိမ်(၈၂)လုံးနှင့် ဘာသာရေးအဆောက်အဦ (၂)လုံး … Read more
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ စလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့၊ အမှတ်(၁)ရပ်ကွက်နှင့် ပေါက်လေးပင်ကျေးရွာတို့တွင် (၁၈-၅-၂၀၂၀)ရက်နေ့၌ ဖြစ်ပွား ခဲ့သော မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့်အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စုတို့ အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀,၀၀၀/-) ကျပ်၊ လူဦးရေ(၁၄) ဦးအတွက် ဆန်ရိက္ခါဖိုး (၇) ရက်စာ (၂၉,၄၀၀/-) ကျပ်၊ ဓမ္မာရုံ (၁) လုံးအတွက် ကျောင်းဆောက်ပစ္စည်းဖိုး (၁၀၀,၀၀ဝိ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ … Read more
-
COVID-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်း မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ စစ်ပင်ကြီးကျေးရွာအုပ်စု၊ စစ်ပင်ကြီးကျေးရွာနှင့် ဂုံးမင်းကျေးရွာအုပ်စု၊ ဂုံးမင်းကျေးရွာ၊ သဲပွဲ့ကျေးရွာ၊ အုန်းပင်စုကျေးရွာတို့၌ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၊ ကျေးရွာရှိတာ၀န်ရှိသူများနှင့်အတူ (၁၉-၅-၂၀၂၀)ရက်နေ့၌ (၁၁:၀၀)နာရီအချိန်နှင့် (၁၃:၀၀)နာရီအချိန်၌ လက်တလောနိုင်ငံ အသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသော COVID-19 ကူးစက် ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်များကို ကျေးရွာ/ ရပ်ကွက်နေပြည်သူတို့အားအသိပညာပေးဟောပြောဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_may2020 Source: သာပေါင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၉-၅-၂၀၂၀) ရက်နေ့တွင် မြိတ်မြို့နယ်၊ ဇေယျာသီရိ (၁) ရပ်၊ ရာပြည့်ရပ်၊ ရွှေပြည်တန်ရပ်တို့တွင် COVID19 ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေး အသိပညာပေးဆော်သြခြင်း၊ ဗီနိုင်းပိုစတာကပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #tny_may2020 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မိတ္ထီလာမြို့နယ်၌ (၁၁-၅-၂၀၂၀) ရက်နေ့၌ ပြည်သာယာရပ်ကွက်တွင် လေဘေးကြောင့် အမိုးလန်နေအိမ် (၁) လုံး၊ (၁၈-၅-၂၀၂၀) ရက် နေ့၌ မုန်တိုင်ကျေးရွာတွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်နေအိမ် (၁) လုံး၊ စုစုပေါင်းအိမ်ခြေ (၂) လုံး၊ အိမ်ထောင်စု (၂) စု၊ လူဦးရေ (၇) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်း (၇၇,၉၀၀) ကျပ်၊ ဆန်ရိက္ခာ ဖိုးငွေ (၁၄,၇၀၀)ကျပ်တို့ကို … Read more
-
COVID-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယား ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉.၅.၂၀၂၀) ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်၊ ထီးပိုးကလိုးကျေးရွာအုပ်စု၊ ဒေါတဒါး ကျေးရွာ၊ ဒေါခူလီကျေးရွာ၊ ငွေတောင်ကျေးရွာအုပ်စု၊ ဒေါပေါ်ကလဲကျေးရွာ၊ ပါဒေါဒူကျေးရွာနှင့် ဒေါဖုကျေးရွာအုပ်စု၊ ဒေါလော်ခူ ကျေးရွာ များရှိ ပြည်သူများအား COVID-19 ကူးစက်ရောဂါ ပြန့်ပွားမှုမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာရန်အချက်များနှင့် သဘာဝဘေးအန္တရာယ်နှင့် စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #kyh_may2020 Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)









