လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ကြီးတံခွန်မြို့နယ်၊ (ဆ)ရပ်ကွက်၌ (၁၉-၅-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် အိမ်ခြေအလုံး (၂၀)၊ အိမ်ထောင်စု(၂၄)စုမှ လူဦးရေ(၉၇)ဦး မီးဘေးသင့်ခဲ့ပြီး အဆိုပါမီးဘေးသင့်အိမ်ထောင်စုများအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါ အိမ်ထောင်စု(၂၀)စုစာနှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုးပါ အိမ်ထောင်စု(၄)စုစာ၊ လူဦးရေ(၉၇)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၀၃,၇၀၀) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ်(၂,၂၀၀,၀၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့မှုငွေကျပ် (၂,၄၀၃,၇0၀) ကျပ်တိတိအား (၂၀-၅-၂၀၂၀) ရက်နေ့၊ (၁၆:၀၀) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)