လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လက်ပံတန်းမြို့နယ်၊ ကျေးရွာအုပ်စု (၇) စု၊ ကျေးရွာ (၁၄) ရွာတို့၌ (၁၇/၁၈/၁၉-၅-၂၀၂၀) ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ပြိုလဲနေအိမ် (၁၀) လုံး၊ အမိုးလန်နေအိမ် (၁၀၅) လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅,၁၉၅,၀၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၁၀) အိမ်ထောင်စာနှင့် လူဦးရေ (၃၈) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၇၉,၈၀၀/-) ကျပ်တို့အား (၂၀-၅-၂၀၂၀) ရက်နေ့တွင် ကြို့ပင်စခန်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#bgo_may2020
Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)