လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ချောက်မြို့နယ်အတွင်းရှိ COVID-19 ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီနှင့်ပူးပေါင်း၍ (၂၁-၅-၂၀၂၀) ရက်နေ့၊ (၀၇:၃၀) နာရီ အချိန်မှ (၁၁:၀၀) နာရီအချိန်အထိ မကွေးခရိုင်၊ ချောက်မြို့နယ်အတွင်းရှိ စမ်းစုကျေးရွာ၊ စွယ်ပေါက္ကံ ကျေးရွာ၊ ဇီးချိုပင်ကျေးရွာများ၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပြည်သူလူထုအသိပညာပေးပန်ကြားချက်များကို လှည့်လည်နှိုးဆော်ခြင်းနှင့် Mask Campaign ပြုလုပ်ခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#mgy_may2020
Source: ချောက်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)