မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့၊ နဒီအောင်မြေရပ်ကွက်၊ စက်တန်းလမ်း၌ မြေပြိုဘေးထောက်ပံ့မှုသတင်း - ကရင်ပြည်နယ်ဖွံ့ဖြိုးကြီးကြပ်ရေးမှူးရုံးတွင်အသိပညာပေးဟောပြောပွဲဆောင်ရွက်မှုသတင်း - ပုဗ္ဗသီရိမြို့နယ်၊ ရွာတော်ကျေးရွာအုပ်စု၊ ရွာတော်(မြောက်)ကျေးရွာတွင် လေပြင်းဘေးထောက်ပံ့မှုသတင်း - သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း၏ သင်ခန်းစာများကို ပြန်လည်သုံးသပ်ခြင်းနှင့် ပြင်ဆင်ဖြည့်စွက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲဆောင်ရွက်မှုသတင်း - သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း၏ သင်ခန်းစာများကို ပြန်လည်သုံးသပ်ခြင်းနှင့် ပြင်ဆင်ဖြည့်စွက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲဆောင်ရွက်မှုသတင်း - သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း၏ သင်ခန်းစာများကို ပြန်လည်သုံးသပ်ခြင်းနှင့် ပြင်ဆင်ဖြည့်စွက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲဆောင်ရွက်မှုသတင်း - သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း၏ သင်ခန်းစာများကို ပြန်လည်သုံး သပ်ခြင်း နှင့် ပြင်ဆင်ဖြည့်စွက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပမှုသတင်း - ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်/မြို့နယ် ဒေါနခန်းမ၌ အသိပညာပေးဟောပြောပွဲ ဆောင် ရွက်မှုသတင်း - မြဝတီမြို့၊ အ.ထ.က(ခွဲ) ဝှေ့ရှမ်းကျောင်းနှင့် အ.ထ.က သင်္ဃန်းညီနောင်ကျောင်းတို့တွင် အသိပညာပေး ဟောပြောပွဲပြုလုပ်မှုသတင်း - မြဝတီခရိုင်၊ မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်၊ ခေါက်မလိလမ်းတွင် မီးဘေးထောက်ပံ့မှုသတင်း

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • COVID-19 ဆိုင်ရာလုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်လျက်ရှိသော စေတနာ့ဝန်ထမ်းများ ကို ပံ့ပိုးကူညီနိုင်ရေး ညှိနှိုင်းဆွေးနွေး

    ၂၅ မေ၊ နေပြည်တော် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ Quarantine Center များနှင့် COVID-19 ဆိုင်ရာလုပ်ငန်း စဉ်များတွင် စေတနာ့ဝန်ထမ်းများ ကူညီဆောင်ရွက်ပေးရာ၌ လုပ်ငန်းများအဆင်ပြေစွာ ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည် များ ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်ရန် အမျိုးသားအဆင့်စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့၏ အတွင်းရေးမှူးရုံးအဖွဲ့ ညှိနှိုင်းအစည်း အဝေးကို ယနေ့ မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနတွင် ကျင်းပခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အမှာစကားပြောကြားရာတွင် ယခုအခါ တိုင်းဒေသကြီး၊ ပြည်နယ် အသီးသီးရှိ Quarantine Center များနှင့် … Read more

  • COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၅-၅-၂၀၂၀) ရက်နေ့၊ (၁၃:၀၀) နာရီအချိန်မှ (၁၇:၀၀) နာရီအချိန်အထိ ရေကြည်မြို့နယ်၊ ဇရပ်လှကျေးရွာအုပ်စု၊ ဇရပ်လှကျေးရွာ၊ စက်ကုန်းကျေးရွာနှင့် ကျုံမရမ်းကျေးရွာအုပ်စု၊ ကျုံမရမ်းကျေးရွာ၊ ကျုံကွဲကျေးရွာ၊ သခွတ်ကုန်းကျေးရွာတို့၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို အသိပညာ​ပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_may2020 Source:           ရေကြည်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • လေဘေးသင့်ပြည်သူအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ စလင်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် စလင်းမြို့နယ်၊ ဥသျှစ်ကုန်းကျေးရွာအုပ်စု၊ ဥသျှစ်ကုန်း ကျေးရွာ၌ (၂၂-၅-၂၀၂၀) ရက်‌နေ့တွင်ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်ပိ သေဆုံးသူ(၁)ဦးအတွက် သေဆုံးထောက်ပံ့ငွေ (၃၀၀,၀၀၀/-)ကျပ်ကို (၂၅-၅-၂၀၂၀) ရက်နေ့၊ (၁၅:၀၀) နာရီအချိန်တွင် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့်အတူ  ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #mgy_may2020 Source:           စလင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)  

  • COVID-19 ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး အသိပညာလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၅-၂၀၂၀) ရက်နေ့တွင် မြိတ်မြို့နယ်၊ တလိုင်း စုရပ်၊ မြစ်မရပ်၊ သန်းဖိုရပ်တို့၌ COVID-19 ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး အသိပညာပေး ဆော်သြ ခြင်း၊ ဗီနိုင်းပိုစတာကပ်ခြင်းတို့ကို သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #tny_may2020 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဆိပ်ဖြူ မြို့နယ်၊ ထမ္မ​ကောက်ကျေးရွာအုပ်စု၊ ဇီး​တော်ပင်ကျေးရွာတွင်(၂၄-၅-၂၀၂၀)ရက်နေ့(၁၂:၁၅) အချိန်၌ ​​ နေအိမ်ထရံရှိ မီးဖိုချောင်တွင်ထိုးထားသော ဂတ်စ်မီးခြစ် အပူချိန်လွန်ကဲပြီး ပေါက်ကွဲရာမှ တဆင့် မီးလောင်ကျွမ်းခဲ့ရာ မီးဘေးကြောင့်ပျက်စီးအိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု(၁)စု၊ လူဦးရေ (၄) ဦး တို့ အတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာ(၈,၄၀၀/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀,၀၀၀/-) ကျပ်၊ စုစုပေါင်း … Read more

  • Covid-19 ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှု သတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၅-၂၀၂၀) ရက်နေ့၌ သရက် ချောင်းမြို့နယ်အတွင်းရှိ ကျောက်ခမောက်ကျေးရွာနှင့် သိမ်ကုန်း‌ကျေးရွာတို့တွင် Hand Speaker တို့ဖြင့် Covid-19 ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် အများပြည်သူသို့ အသိပညာပေးပန်ကြားချက်များ ကို လှည့်လည်ကြေညာခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #tny_may2020 Source: သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)