လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဆိပ်ဖြူ မြို့နယ်၊ ထမ္မကောက်ကျေးရွာအုပ်စု၊ ဇီးတော်ပင်ကျေးရွာတွင်(၂၄-၅-၂၀၂၀)ရက်နေ့(၁၂:၁၅) အချိန်၌ နေအိမ်ထရံရှိ မီးဖိုချောင်တွင်ထိုးထားသော ဂတ်စ်မီးခြစ် အပူချိန်လွန်ကဲပြီး ပေါက်ကွဲရာမှ တဆင့် မီးလောင်ကျွမ်းခဲ့ရာ မီးဘေးကြောင့်ပျက်စီးအိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု(၁)စု၊ လူဦးရေ (၄) ဦး တို့ အတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာ(၈,၄၀၀/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀,၀၀၀/-) ကျပ်၊ စုစုပေါင်း (၁၀၈,၄၀၀/-) ကျပ်နှင့် အိမ်ထောင်စု (၁)စုစာ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးတို့ကို ဇီးတော်ပင်ကျေးရွာ၌ (၂၅-၅-၂၀၂၀) ရက်နေ့တွင် မီးဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
#ha_fir
#mgy_may2020
Source: ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)