Latest News
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၅-၂၀၂၀) ရက်နေ့တွင် သာယာ ဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ လိပ်အင်းကျေးရွာ၊ ဘိုကြီးကုန်းကျေးရွာ၊ ကြိုးကြာကျေးရွာ၊ အင်ကုန်း ကျေးရွာ၊ မြို့မရပ်ကွက်၊ အောင်မင်္ဂလာရပ်ကွက်၊ သုံးဆယ်မြို့ဆရာစံရပ်ကွက်တို့တွင် (COVID – 19) ရောဂါကူးစက်ပျံ့နှံ့မှုများနှင့်ပတ်သက်၍ ပြည်သူများထံသို့ အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့ပါ ကြောင်းသတင်းရရှိပါသည်။ #ar #bgo_may2020 Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၅-၂၀၂၀)ရက်နေ့ နံနက်(၀၈:၃၀)နာရီအချိန်မှ ညနေ(၁၅:၃၀)နာရီအချိနိအထိ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ပေတောကျေးရွာ၊ ရွှေလောင်ရွာမ၊ ချောင်းကြီးကျေးရွာ၊ ရေကျော်ကျေးရွာ၊ စစ်တန်းကျေးရွာ၊ ချောင်းဝကျေးရွာ၊ တိုက္ကလားကျေးရွာ၊ ပေါက်တိန်းကြီးကျေးရွာ၊ ထုံးချောင်းကျးရွာ၊ လက်ပန်ကုန်းကျေးရွာ၊ ညောင်သုံးပင်ကျေးရွာ၊ စုလဲထော်ကျေးရွာ၊ ကကတိုက်ကျေးရွာနှင့် တံခွန်တိုင်ကျေးရွာတို့တွင် လတ်တလော နိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွား လျက်ရှိသော COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန်များကို ရပ်ကွက်နေပြည်သူလူထုအား အသိပညာပေးလှည့်လည်ဟောပြောမှုများ ပြုလုပ်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး … Read more
-
ဒီးမော့ဆိုမြို့နယ်၊ ဆင်တောင်ကျေးရွာအုပ်စုအတွင်း COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၅-၂၀၂၀) ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်၊ ဆင်တောင်ကျေးရွာအုပ်စု၊ ဝီသဲကူး(မြောက်)ကျေးရွာ၊ ဝီသဲကူး(တောင်)ကျေးရွာ၊ ကပ္ပါယ်ခူရွာသစ်ကျေးရွာ၊ လီဝိုးကျေးရွာ၊ ခူးပရာထူးကျေးရွာနှင့် ဒေါဘူးကူးကျေးရွာများရှိ ပြည်သူများအား COVID-19 ကူးစက်ရောဂါပျံနှံ့မှုမဖြစ်ပွားစေရန် သိရှိလိုက်နာရန်အချက်များနှင့် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kyh_may2020 Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
မအူပင်မြို့နယ်၊ အလန်းကျေးရွာအုပ်စုအတွင်း COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေး ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၅-၂၀၂၀) ရက်နေ့တွင် မအူပင်မြို့နယ်၊ အလန်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာခွဲ (၆) ရွာ၌ COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရန် အများပြည်သူသိရှိလိုက်နာဆောင်ရွက်ရန်အချက်များအား Loud Speaker ဖြင့် လှည့်လည်ဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_may2020 Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မံစီမြို့နယ်၊ ရီခူးမံခံကျေးရွာအတွင်း COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေး ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၅-၂၀၂၀) ရက်နေ့တွင် ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ ရီခူးမံခံကျေးရွာအတွင်းသို့ လှည့်လည်၍ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ COVID- 19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်ကုသရေးဆိုင်ရာ ပြည်သူသို့ပန်ကြားချက် အသိပညာပေးမှုအား Hand Speaker များဖြင့် လှည့်လည်ဟောပြောခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kcn_may2020 Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID_19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူများအားအသိပညာပေးနှိုးဆော်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၅-၅-၂၀၂၀) ရက်နေ့ နံနက် (၁၀:၃၀) နာရီအချိန်မှ(၁၅:၃၀) နာရီအချိန်အထိ မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်၊ ဆင်ကျုံးကျေးရွာ၊ ရွှေဘော်ကုန်းကျေးရွာ၊ နောင်ကျန်ကျေးရွာနှင့် ပိန္နဲကုန်းကျေးရွာတို့တွင် COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ သိရှိလိုက်နာရန်အချက်များကို အသိပညာပေးနှိုးဆော် ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_may2020 Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)









