Latest News
-
မံစီမြို့နယ်၊ နှစ်ခြင်း IDP စခန်းသို့ COVID-19 ကူးစက်ရောဂါကာကွယ်ရေးအတွက် ဆက်စပ်ပစ္စည်းများ ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၅-၂၀၂၀) ရက်နေ့တွင် မံစီမြို့နယ်၊ နှစ်ခြင်း IDP စခန်းရှိ အိမ်ထောင်စု (၁၇၇)စု၊ လူဦးရေ(၇၈၃)ဦးတို့အတွက် Hand Speaker (၁) ခု၊ Memory Stick (၁) ခု၊ အပူချိန်တိုင်းကိရိယာ (၁) ခု၊ ဘေစင် (၃) စုံ၊ ထုံး (၁၀) အိတ်၊ ဆပ်ပြာ (၇၈၃) ခဲ၊ လက်သန့်ဆေးရည် (၃၅၄) ဗူး၊ အ၀တ် … Read more
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၅-၂၀၂၀) ရက်နေ့ (၀၉:၃၀) အချိန်မှ (၁၅:၀၀) နာရီအချိန်အထိ ပြည်သူများအား COVID-19 ရောဂါကူးစက် ပြန့်နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ပတ်သက်၍ အသိ ပညာပေးခြင်းကို လယ်ဝေးမြို့နယ်၊ အလယ်ကျွန်းကျေးရွာအုပ်စု၊ မြောင်းမြကျေးရွာ၊ လက်ပံတန်း ကျေးရွာ၊ ကြို့တန်းကျေးရွာ၊ သစ်ခေါက်ခွကျေးရွာ၊ တံတားကြီးကျေးရွာနှင့် ဆီဆုံကုန်း ကျေးရွာများ အတွင်း ပြည်သူများသို့ ထိရောက်စွာ လိုက်လံအသိပေးဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #npw_may2020 … Read more
-
Covid- 19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၅-၂၀၂၀)ရက်နေ့တွင် ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၊ ပေါက်တောရပ်ကွက်၊ မြို့သစ် ရပ်ကွက် ၊ (က) ရပ်ကွက်၊ (ခ) ရပ်ကွက်၊ (ဂ) ရပ်ကွက်၊ ရွာမအနောက်ရပ်ကွက်၊ နံသာ ကုန်းရပ်ကွက် ၊ ကမ်းနားအနောက်ရပ်ကွက် ၊ ကမ်းနားအလယ်ရပ်ကွက်တို့တွင် Covid-19 အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ အများပြည်သူများ သိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေငြာချက်များအား အရာထမ်း၊ အမှုထမ်းများမှ ရပ်ကွက်များအတွင်း အသိပေးကြော်ငြာခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more
-
ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ ပိတ္တောကျေးရွာ မီးဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ ပိတ္တောကျေးရွာ၌ (၂၃-၅-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးလောင်ကျွမ်းမှုကြောင့် မီးဘေးသင့်အိမ်ခြေ (၂) လုံး အိမ်ထောင်စု(၂) စုမှလူဦးရေ (၈) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၆,၈၀၀/-) ကျပ်၊ အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (၂) အိမ်ထောင်စာ တို့အား (၂၅-၅-၂၀၂၀) ရက်နေ့ (၁၃:၁၅) နာရီအချိန်တွင် ရွှေဘိုမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ … Read more
-
Covid- 19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၅-၂၀၂၀) ရက်နေ့၊ (၀၈:၀၀)နာရီအချိန်မှ (၁၂:၀၀)နာရီအချိန်ထိ ဟင်္သာတမြို့နယ်၊ မဒေါ့တလုတ်အုပ်စုအတွင်းရှိ (ဇမ္ဗူညွှန့်ရပ်ကွက်၊ ပြည်တော်သာ(၁)လမ်း၊ (၂) လမ်း၊ (၃) လမ်း)နှင့် ဇလွန်မြို့နယ်၊ ပျဉ်းမ ကုန်းအရှေ့အုပ်စု၊ ငြိမ်းချမ်းဦး/ရွာမကျေးရွာ၊ ပျဉ်းမကုန်းအနောက်အုပ်စု ၊ညောင်ကုန်း/ကျုံမ ကျေးရွာတို့တွင် လှည့်လည်ပြီး လတ်တလောဖြစ်ပွားလျှက်ရှိသော COVID-19 ကူးစက်ရောဂါ နှင့် ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်များနှင့် ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ အသိပညာ ဗဟုသုတများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်များအား ကျေးရွာနပြည်သူ … Read more
-
သောက်သုံးရေဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေခက်ခဲသော မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာ (အနောက်ပိုင်း၊ကွက်သစ်ပိုင်း) နှင့် ဦးကျော်စိန်(တဲတိုက်) ရှိ အိမ်ခြေ (၁၀၉) လုံး၊ အိမ်ထောင်စု (၁၁၇) စု၊ လူဦးရေ (၅၅၄) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆၀၀၀) အား (၂၅-၅-၂၀၂၀) ရက်နေ့ (၁၁:၀၀) နာရီအချိန်တွင် သွားရောက်ဖြန့်ဝေ ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_drg #mgy_may2020 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)









