လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၊ ကွင်းနောက်ရပ်ကွက်၊ နီလာလမ်း၌ (၂၆-၅-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ပျက်စီးခဲ့သည့်နေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀၀၀၀၀)ကျပ်၊ အိမ်ထောင်စု(၃)စုရှိ လူဦးရေ(၂၁)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၄၄၁၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၉)မျိုး(ပလပ်စတစ်ပုံးအပါ)(၃)အိမ်ထောင်စာတို့အား (၂၇-၅-၂၀၂၀)ရက်နေ့၊ နေ့လည်(၀၂:၀၀)နာရီအချိန်တွင် သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူလက်၀ယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)