လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ မအူအလယ်ကျေးရွာအုပ်စု၊ မအူအလယ်ကျေးရွာရှိ အိမ်ခြေ (၃၁၀) လုံး၊ အိမ်ထောင်စု (၃၃၅)စု၊ လူဦးရေ(၁၇၀၆)ဦးတို့အတွက် သောက်သုံးရေဂါလံ (၃၆၀၀)အား (၂၇-၅-၂၀၂၀)ရက်နေ့၊ (၁၄:၀၀)နာရီအချိန်တွင် ရင်ခွင်မဲ့ကလေးငယ်များလျော့ချရေးနှင့်ကာကွယ်စောင့်ရှောက်ရေးအသင်း၊ လူငယ်လုပ်ငန်းအဖွဲ့တို့နှင့်ပူးပေါင်းကာသွားရောက် ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ha_drg
#mgy_may2020