Latest News
-
(COVID-19) ကူးစက်ရောဂါ ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ချင်းပြည်နယ်အစိုးရအဖွဲ့၊ ချင်းပြည်နယ်စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးနှင့် ချင်းပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူးနှင့်အဖွဲ့သည် (၂၄-၅-၂၀၂၀) ရက်နေ့၊ ညနေ (၁၇:၃၀) နာရီအချိန်တွင် ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့တွင် ပလက်မြို့နှင့် ဆမီးမြို့ရှိ တိုက်ပွဲရှောင်စခန်း (၂၀) ခုအတွက် ဆမီးမြို့၌ COVID -19 ရောဂါ ကာကွယ်တားဆီးရေးပစ္စည်းများဖြစ်သည့် Mask, Hand Sanidizer, Memory Stick, Infrared Termometer, Hand Speaker, ထုံးအိတ်နှင့် … Read more
-
COVID-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်တုန်း မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈.၅.၂၀၂၀) ရက်နေ့တွင် ညောင်တုန်းမြို့နယ်၊ မဲဇလီရွာဟောင်းကျေးရွာအုပ်စုအတွင်း ရှိ ကျေးရွာ (၆) ရွာ၌ Covid-19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပြည်သူအသိပညာပေး အသံဖိုင်အားဖွင့်လှစ်၍ အသိပညာပေးခြင်း၊ လှည့်လည်ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_may2020 Source: ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယား ပြည်နယ်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် (၂၆.၅.၂၀၂၀) ရက်နေ့တွင် လွိုင်ကော်မြို့နယ်၊ ပိန်းချစ်ကျေးရွာအုပ်စု၊ အိုင်စန့်ကျေးရွာ နှင့်နန်းလွှာကျေးရွာ၊ ထီးစဲခါးကျေးရွာအုပ်စု၊ ထီးစဲခါးကျေးရွာများရှိ ပြည်သူများအား COVID-19ကူးစက်ရောဂါ ပြန့်ပွားမှုမဖြစ်ပွား စေရန်အတွက် သိရှိလိုက်နာရန်အချက်များနှင့် သဘာဝဘေး အန္တရာယ်နှင့်စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန်များ အသိပညာ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #kyh_may2020 Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၅-၂၀၂၀)ရက်နေ့၊ (၁၃:၁၀) နာရီအချိန်ခန့်၌ လွိုင်လင်မြို့နယ်၊ နမ့်ထမိုကျေးရွာအုပ်စုတွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန် ပျက်စီးသွားခဲ့သော လူနေအိမ်(၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၇၀,၀၀၀/-)ကျပ်ကို (၂၆-၅-၂၀၂၀)ရက်နေ့၊ (၁၅:၀၀)နာရီအချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: လွိုင်လင်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_sgw #shn_may2020
-
ထူးခြားမြစ်ရေအခြေအနေသတင်း
===================================== မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ (၂၆.၅.၂၀၂၀) ရက်နေ့တွင် ထူးခြားမြစ်ရေအခြေအနေသတင်းကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်။ ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့တွင် (၂၃.၅.၂၀၂၀)ရက်နေ့မှ (၂၅.၅.၂၀၂၀)ရက်နေ့အထိ (၇)ပေခွဲခန့်နှင့် ၂၀၂၀ပြည့်နှစ်၊ မေလ (၂၆) ရက်နေ့ (၁၂:၃၀) နာရီအချိန် တိုင်းထွာချက်အရ ယင်းမြို့တွင် (၇၄၆) စင်တီမီတာသို့ ရောက်ရှိခဲ့ကာ (၁)ရက်အတွင်း (၈)ပေခန့် မြင့်တက်ခဲ့ပါ သည်။ အဆိုပါမြစ်ရေသည် ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့နှင့် သပိတ် ကျင်းမြို့တို့တွင် (၄)ရက်အတွင်း (၁)ပေခွဲမှ (၇)ပေခန့် မြင့်တက်ခဲ့ပြီးဖြစ်ပါသည်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ဧရာဝတီမြစ်အထက်ပိုင်းတွင် မြင့်တက်ခဲ့သော … Read more
-
Covid-19 ကူးစက်ရောဂါ အသိပညာပေး ဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ (၂၆.၅.၂၀၂၀)နေ့ မြိတ်မြို့နယ် ပင်းအိုအုပ်စု၊ လက်ခုပ်တောင်၊ ရှင်မြတ်တောင်၊ ဘန်ချင်းတောင်၊ ပင်းအိုအနောက်၊ ပင်းအိုအရှေ့နှင့် သဘွတ်အုပ်စြ သဘွတ်၊ ဝန်မယ်၊ ပရည်တောင်ကျေးရွာများတွင် COVID19 ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး အသိပညာပေးဆော်သြခြင်း၊ ဗီနိုင်းပိုစတာကပ်ခြင်းတို့ကို ရပ်ကျေးအဖွဲ့နှင့်ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #tny_may2020 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)









