=====================================
မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ (၂၆.၅.၂၀၂၀) ရက်နေ့တွင် ထူးခြားမြစ်ရေအခြေအနေသတင်းကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်။
ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့တွင် (၂၃.၅.၂၀၂၀)ရက်နေ့မှ (၂၅.၅.၂၀၂၀)ရက်နေ့အထိ (၇)ပေခွဲခန့်နှင့် ၂၀၂၀ပြည့်နှစ်၊ မေလ (၂၆) ရက်နေ့ (၁၂:၃၀) နာရီအချိန် တိုင်းထွာချက်အရ ယင်းမြို့တွင် (၇၄၆) စင်တီမီတာသို့ ရောက်ရှိခဲ့ကာ (၁)ရက်အတွင်း (၈)ပေခန့် မြင့်တက်ခဲ့ပါ သည်။ အဆိုပါမြစ်ရေသည် ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့နှင့် သပိတ် ကျင်းမြို့တို့တွင် (၄)ရက်အတွင်း (၁)ပေခွဲမှ (၇)ပေခန့် မြင့်တက်ခဲ့ပြီးဖြစ်ပါသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဧရာဝတီမြစ်အထက်ပိုင်းတွင် မြင့်တက်ခဲ့သော အဆိုပါမြစ်ရေများသည် နောက်(၄)ရက်အတွင်း ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့နှင့် သပိတ် ကျင်းမြို့တို့တွင် (၅)ပေမှ (၆)ပေခန့်၊ နောက် (၇)ရက်အတွင်း မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့နှင့် ညောင်ဦးမြို့တို့တွင် (၆)ပေမှ (၇) ပေခွဲခန့်၊ နောက်(၁၂)ရက်အတွင်း ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် (၄)ပေခွဲမှ (၆)ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ပါသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
သို့ဖြစ်ပါ၍ မြစ်ကြောင်းများအတွင်း သွားလာနေကြသည့် ရေယာဉ်၊ လှေ၊ သင်္ဘောများအနေဖြင့် ဂရုပြု သင့်ပါကြောင်းနှင့် မြစ်ရေနည်းစဉ် သဲသောင်ခုံများတွင် စိုက်ပျိုးနေထိုင်ကြသူများအနေဖြင့်လည်း မြစ်ရေ တိုးလာနိုင်မှုကို ဂရုပြုနေထိုင်သင့်ပါကြောင်း အကြံပြုအပ်ပါသည်။