
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ချင်းပြည်နယ်အစိုးရအဖွဲ့၊ ချင်းပြည်နယ်စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးနှင့် ချင်းပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူးနှင့်အဖွဲ့သည် (၂၄-၅-၂၀၂၀) ရက်နေ့၊ ညနေ (၁၇:၃၀) နာရီအချိန်တွင် ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့တွင် ပလက်မြို့နှင့် ဆမီးမြို့ရှိ တိုက်ပွဲရှောင်စခန်း (၂၀) ခုအတွက် ဆမီးမြို့၌ COVID -19 ရောဂါ ကာကွယ်တားဆီးရေးပစ္စည်းများဖြစ်သည့် Mask, Hand Sanidizer, Memory Stick, Infrared Termometer, Hand Speaker, ထုံးအိတ်နှင့် ဆပ်ပြာတောင့်များ ထောက်ပံ့ပေးခဲ့ ကြပါကြောင်း သတင်းရရှိပါသည်။
#ar
#chn_may2020
Source: ချင်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)