Latest News
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ စစ်တွေခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပုဏ္ဏား ကျွန်းမြို့နယ်၊ အထက်မြတ်လှဲအုပ်စု၊ ကန်သစ်ကျေးရွာ၌ (၂၄-၅-၂၀၂၀) ရက်နေ့တွင် မိုင်းနိုင်မိ၍ ဒဏ်ရာ များရရှိခဲ့ပြီး စစ်တွေမြို့၊ ပြည်သူ့ဆေးရုံကြီးသို့ ဆေးကုသမှုခံယူရန်ရောက်ရှိလာသည့် ဒဏ်ရာရရှိသူ (၂) ဦးအတွက် ဒဏ်ရာရထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်အား (၂၇-၅-၂၀၂၀) ရက်နေ့တွင် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #rke_may2020 Source: စစ်တွေခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
သာပေါင်းမြို့နယ်၊ သရက်တောကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာ လေပြင်းဘေးသင့်အိမ်ထောင်စုအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာပေါင်းမြို့နယ်၊ သရက်တောကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာ၌ (၂၁-၅-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေဘေးကြောင့် အမိုးလန်ပျက်စီးခဲ့သည့်နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၅၀၀၀ဝိ/-)၊ လူဦးရေ(၄)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေ(၈၄၀ဝိ/-)၊ စုစုပေါင်းရန်ပုံငွေ (၅၈၄၀ဝိ/-)အား (၂၆-၅-၂၀၂၀) ရက်နေ့၊ (၁၈:၃၀) နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်တကွ တာဝန်ရှိသူများ၏ရှေ့မှောက်၌ ဘေးသင့်ပြည်သူများ၏လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_may2020 Source: သာပေါင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ဆိုင်ရာလုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်လျက်ရှိသော စေတနာ့ဝန်ထမ်းများ ကို ပံ့ပိုးကူညီနိုင်ရေး ကွင်းဆင်းဆောင်ရွက်
Source: MOSWRR ~~~~~ ၂၆ မေ၊ နေပြည်တော် ~~~~~ နေပြည်တော်ကောင်စီ၊တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ Quarantine Center များနှင့် COVID-19 ဆိုင်ရာ လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်လျက်ရှိကြသော စေတနာ့ဝန်ထမ်းများ ကို လိုအပ်သော ပံ့ပိုးကူညီမှုများပေးနိုင်ရန် အမျိုးသားအဆင့်စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့၏ အတွင်းရေးမှူးရုံးအဖွဲ့ဝင် ဒုတိယညွှန်ကြားရေးမှူးချုပ်(၃) ဦးသည် ယနေ့တွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးများသို့ နေ့ချင်းပြန်အသီးသီးသွားရောက်၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူများ၊ မြို့နယ်အဆင့် စေတနာ့ဝန်ထမ်း ပံ့ပိုးကူညီရေးအဖွဲ့များ၊ … Read more
-
ချင်းပြည်နယ်ရှိ တိုက်ပွဲရှောင်စခန်းများတွင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိ
Source: MOSWRR ~~~~~ မေလ ၂၆ ရက်၊ နေပြည်တော် ~~~~~ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများတွင်နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများ အား COVID – 19 ရောဂါကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေး လုပ်ငန်း များကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါသည်။ (၂၄-၅-၂၀၂၀) ရက်နေ့တွင် ချင်းပြည်နယ်၊ ဆမီးမြို့ရှိ သာသနာ့ဝေပုလ္လဘုန်းတော်ကြီး ကျောင်း၊ လမ်းဦးစီးဝန်ထမ်းအိမ်ရာ၊ (အ.လ.က)လိပ်ကုန်း၊ … Read more
-
အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့သို့ စေတနာ့ဝန်ထမ်းလက်စွဲစာအုပ်၊ Mask နှင့် လက်သန့်ဆေးရည်များလာရောက်လှူဒါန်း
Source: MOSWRR ~~~~~ မေလ ၂၆ ရက်နေ့၊ နေပြည်တော် ~~~~~ ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ တုန့်ပြန်ရေးလုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်နေကြသော စေတနာ့ဝန်ထမ်းများအတွက် စေတနာ့ဝန်ထမ်းလက်စွဲစာအုပ်များ၊ လက်သန့်ဆေးနှင့် Mask များကို ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ် စောင့်ရှောက် ရေးအသင်းက ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနရှိ အမျိုးသားအဆင့်စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ အတွင်းရေးမှူးရုံးသို့ လာရောက်လှူဒါန်းခဲ့ပါသည်။ လှူဒါန်းရာတွင် ရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသင်း ဥက္ကဌ ဒေါ်မေယဉ်ထွန်းနှင့်အဖွဲ့က စေတနာ့ဝန်ထမ်းလက်စွဲစာအုပ်(၂,၀၀၀)အုပ် … Read more
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူများအားအသိပညာပေးနှိုးဆော်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၆-၅-၂၀၂၀) ရက်နေ့ နံနက် (၉:၃၀) အချိန်မှ ညနေ(၁၅:၃၀) အချိန်အထိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရန် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ပတ်သက်၍ အသိပညာပေးခြင်းကို ကျိုက်လတ်မြို့နယ်၊ မိသာလင်ကျေးရွာအုပ်စု၊ ကျီးချောင်းကျေးရွာရှိပြည်သူများသို့ ထိရောက်စွာ လိုက်လံအသိပေးဆောင်ရွက်ခဲ့ပြီး အသိပညာပေးဗီနိုင်းများကိုလည်းပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_may2020 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)









