လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည် (၂၇-၅-၂၀၂၀) ရက်နေ့၊ (၁၇:၁၀)နာရီအချိန်တွင် မိုးသက်လေပြင်းတိုက်ခက်မှု ကြောင့် မြင်ကဝကျေးရွာအုပ်စု၊ အောက်ဆိပ်ကျေးရွာတွင် ပြိုကျအိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု (၁)စု၊ လူဦးရေ (၇)ဦး၊ စုစုပေါင်း ပြိုကျအိမ်ခြေ (၁) လုံး၊ လူဦးရေ (၇)ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၁၄၇၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀၀၀၀/-)ကျပ်၊စုစုပေါင်းတန်ဖိုးငွေ (၁၁၄၇၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး(၁)စုစာအား (၂၈-၅-၂၀၂၀)ရက်နေ့၊ (၁၆:၀၀)နာရီအချိန် တွင် လေဘေးသင့်ပြည်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#mgy_may2020
Source: ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)