လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးတွင်းကာလ နှစ်စဉ်ဘီးလင်းမြစ်ရေဝင်ရောက်မှုကြောင့် ရေဘေးကြုံတွေ့ ခံစားနေရသည့် ဘီးလင်းမြို့နယ်၊ ကန်သာယာရပ်ကွက်နှင့် ဘိုးရာဇာရပ်ကွက်တို့မှ ထပ်မံ ကြိုတင်ပြောင်းရွေ့ နေအိမ်(၂၅)လုံး၊ အိမ်ထောင်စု(၂၅)စုတို့အတွက် အိမ်ထောင်စု(၁)စုလျှင် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀,၀၀ဝ/-)နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေ (၂,၅၀၀,၀၀ဝ/-)ကျပ်အား (၂၈-၅-၂၀၂၀)ရက်နေ့ (၁၇:၃၀)အချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ဘီးလင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ha_ fld
#mon_may2020