လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပူးပေါင်း၍ (၂၈-၅-၂၀၂၀) ရက်နေ့တွင် ပိန္နဲကွင်းကျေးရွာအုပ်စုရှိ ခြင်ကိုက်ကွင်းကျေးရွာ၊ တောင်ဇင်း ကျေးရွာ၊ ပိန္နဲကွင်းကျေးရွာ၊ ပဒက်ကုန်းကျေးရွာ၊ ကညင်ငူကျေးရွာ၊ တံတားဦးကျေးရွာ၊ ကုန်းကြီး ကျေးရွာ၊ စပါယ်မြှောင်ကျေးရွာများနှင့် မှတ်တိုင်ကျေးရွာအုပ်စုရှိ ငှက်ကျော်ကုန်းကျေးရွာ၊ တဲကြီး ကုန်းကျေးရွာများ၌ Covid-19 ရောဂါနှင့်ပတ်သက်၍ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အသိပညာပေး ဆောင်ရန်/ရှောင်ရန် အချက်အလက်များကို ပြည်သူများ အလွယ်တကူသိရှိ လိုက်နာ နိုင်ရေးအတွက် လှည့်လည်၍ အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများအား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#ayy_may2020
Source: အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး(ဘစမ)