လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အထက(၁) သင်တန်းခန်းမတွင် အသိပညာပေးဟောပြောမှုသတင်း - မြောင်းမြမြို့နယ်၊ ပညာရေးဒီဂရီကောလိပ်တွင် အသိပညာပေးဟောပြောမှုသတင်း - ဘားအံမြို့နယ်၊ နောင်ကမြိုင်ကျေးရွာအုပ်စု၊ နောင်လှကျေးရွာ၌ လေပြင်းဘေး ထောက်ပံ့မှု သတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်၊ သစ်တပ်၊ သက်နှင်းအင်း၊ စည်ပင်ကြီး၊ စည်ပင်သာယာ ကျေးရွာတို့၌ လေဘေးထောက်ပံ့မှုသတင်း - ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ ကျီးကန်းသိုက်ကျေးရွာနှင့် စိုင်ဒီကုန်းကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း - မြောင်းမြမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်၊ အမှတ်(၅)ရပ်ကွက်၊ အမှတ်(၆) ရပ်ကွက် တို့၌ သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဘဲကုန်းကျေးရွာအုပ်စုနှင့် သပြေတန်းကျေးရွာတို့တွင် လေဘေးထောက်ပံ့မှုသတင်း - ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့၊ အမှတ်(၁)ရပ်ကွက်၊ ဝဏ္ဏလမ်း၌ လေပြင်းဘေးထောက်ပံ့မှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ သစ်ဆိမ့်ပင်ကျေးရွာ အုပ်စု၊ ချင်းစုကျေးရွာတွင် လေဘေးထောက်ပံ့မှုသတင်း - မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ကံချောင်ကျေးရွာအုပ်စု၊ ကံချောင်းကျေးရွာတွင် လေပြင်းဘေးထောက်ပံ့မှုသတင်း

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    ​ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ ကျေးရွာ(၁၁)ရွာတို့တွင် (၂၇-၅-၂၀၂၀)ရက်​နေ့၌ ဖြစ်ပွားခဲ့​သော ​လေပြင်းတိုက်ခတ်မှုကြောင့် ​​​လေဘေးသင့်အိမ်​ခြေ(၃၂)လုံး၊ အိမ်​ထောင်စု(၃၂)စုတို့အတွက် အိမ်​ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁,၁၀၀,၀၀၀/-)ကျပ်၊ လူဦး​ရေ(၁၃၉)ဦးအတွက် ဆန်ရိ က္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၂၉၁,၉၀၀/-)ကျပ်၊ ​ဓမ္မာရုံ(၁)လုံးအတွက် ​ကျောင်း​ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ(၅၀,၀၀ဝ/-)ကျပ်၊ စုစု​​ပေါင်း​ထောက်ပံ့​ငွေ(၁,၄၄၁,၉၀၀/-) ကျပ်နှင့် ကယ်ဆယ်​ရေးပစ္စည်း(၁၆)မျိုးပါ အိမ်​ထောင်စု(၂)စုစာတို့အား (၂၈-၅-၂၀၂၀)ရက်​နေ့၊ (၁၂:၃၀)အချိန်တွင် ​ကျေးရွာအုပ်စုအုပ်ချုပ်​ရေးမှူးများနှင့်အတူ ​ဘေးသင့်ပြည်သူများ လက်ဝယ်အ​ရောက် သွား​ရောက်ထောက်ပံ့​ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #‌mgy_may2020 Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ)  

  • COVID-19ရောဂါကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးကွင်းဆင်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးနှင့် ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၅-၂၀၂၀) ရက်နေ့၊ နံနက် (၁၀:၃၀) အချိန်မှ ညနေ(၁၆:၀၀) အချိန်အထိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များနှင့် ပတ်သက်၍ အသိပညာပေးခြင်းကို ဥတ္တရသီရိမြို့နယ်၊ မင်းကုန်း ကျေးရွာအုပ်စု၊ နှစ်ဆယ့်တစ်သစ်စက်ကျေးရွာ၊ တံတားဦးကျေးရွာ၊ အောင်သုခကျေးရွာ၊ ကျွဲရှင်း ကျေးရွာရှိ ပြည်သူများသို့ ထိရောက်စွာ လိုက်လံအသိပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar … Read more

  • လေပြင်းနှင့် မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

    ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်‌ဝေးမြို့နယ်အတွင်း‌ (၂၇-၅-၂၀၂၀)ရက်နေ့၌ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ‌ကြောင်ရေအုပ်စု၊ သပြေတန်းကျေးရွာ၊ ပြောင်ခေါင်းကြီးကျေးရွာအုပ်စု၊ ပြောင်ခေါင်းကြီးကျေးရွာ၊ ကြို့ဇလုပ်ကျေးရွာ၊ ပန်းတင်ကျေးရွာ၊ ကဇွန်းခင်းကျေးရွာ၊ ပိတောက်ချောင် အုပ်စု၊ ပိတော်ချောင်ကျေးရွာတို့တွင် ပြိုလဲနေအိမ် (၇) လုံးနှင့် အမိုးလန်နေအိမ် (၁၁)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၉၃၉,၀၀ဝ/-)ကျပ်၊ ဘေးသင့်လူဦးရေ (၇၄) ဦးအတွက် ဆန်ရိက္ခာ ဖိုးထောက်ပံ့ငွေ (၁၅၅,၄၀ဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁,၀၉၄,၄၀ဝ/-)ကျပ်နှင့် ကယ်ဆယ်ရေး ပစ္စည်း (၁၇) မျိုးပါ (၇) အိမ်ထောင်စာကိုလည်း‌ကောင်း၊ (၂၇-၅-၂၀၂၀) ရက်နေ့တွင် … Read more

  • (COVID-19) ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းဆောင်ရွက်နေမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် (၂၈-၅-၂၀၂၀) ရက်နေ့တွင် ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ တောင်းလိန်ကျေးရွာနှင့် ဟန်ထက်ကျေးရွာတို့တွင် (COVID- 19) ရောဂါကူးစက်ပျံ့နှံ့မှုများနှင့် ပတ်သက်၍ ပြည်သူများထံသို့ hand speaker များဖြင့် လှည့်လည် ဟောပြောခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_may2020 Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • မုန်တိုင်းဘေးအသိပညာပေးဗီနိုင်းပိုစတာလဲလှယ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၅-၂၀၂၀)ရက်နေ့တွင် မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၊ မုတ္တမကျေးရွာ အုပ်ချုပ်ရေးမှူးရုံးအနားရှိလည်းကောင်း သထုံမြို့နယ်၊ သိမ်ကုန်းရပ်ကွက်ရှိ ရေစက်ပိုင်း၌လည်းကောင်း ယခင်စိုက်ထူထားသော မြေစိုက် ဆိုင်းဘုတ်တွင် မီးဘေးအသိပညာပေးဗီနိုင်းပိုစတာအစား မုန်တိုင်းဘေးအသိပညာပေးဗီနိုင်းပိုစတာ အား လဲလှယ်ပြီးစီးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #mon_may2020

  • COVID-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၅-၂၀၂၀) ရက်နေ့ (၀၈:၀၀)နာရီချိန်မှ (၁၂:၀၀)နာရီထိ ဇလွန်မြို့နယ်၊ တောင်ပို့တစ်ရာ အုပ်စု၊ (တောင်ပို့တစ်ရာ၊ သရွတ်ဝ၊ဖေဒုံ၊ ဝါသလ) ကျေးရွာတို့တွင် လှည့်လည်ပြီး လတ်တလောဖြစ်ပွါးလျှက်ရှိသော  COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန် များနှင့် ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ အသိပညာဗဟုသုတများ၊ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်များအား ကျေးရွာနေပြည်သူများအား အသိပညာပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့ ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_may2020 Source:  ဟင်္သာတခရိုင်ဦးစီးမှူးရုံး … Read more