လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အထက(၁) သင်တန်းခန်းမတွင် အသိပညာပေးဟောပြောမှုသတင်း - မြောင်းမြမြို့နယ်၊ ပညာရေးဒီဂရီကောလိပ်တွင် အသိပညာပေးဟောပြောမှုသတင်း - ဘားအံမြို့နယ်၊ နောင်ကမြိုင်ကျေးရွာအုပ်စု၊ နောင်လှကျေးရွာ၌ လေပြင်းဘေး ထောက်ပံ့မှု သတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်၊ သစ်တပ်၊ သက်နှင်းအင်း၊ စည်ပင်ကြီး၊ စည်ပင်သာယာ ကျေးရွာတို့၌ လေဘေးထောက်ပံ့မှုသတင်း - ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ ကျီးကန်းသိုက်ကျေးရွာနှင့် စိုင်ဒီကုန်းကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း - မြောင်းမြမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်၊ အမှတ်(၅)ရပ်ကွက်၊ အမှတ်(၆) ရပ်ကွက် တို့၌ သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဘဲကုန်းကျေးရွာအုပ်စုနှင့် သပြေတန်းကျေးရွာတို့တွင် လေဘေးထောက်ပံ့မှုသတင်း - ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့၊ အမှတ်(၁)ရပ်ကွက်၊ ဝဏ္ဏလမ်း၌ လေပြင်းဘေးထောက်ပံ့မှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ သစ်ဆိမ့်ပင်ကျေးရွာ အုပ်စု၊ ချင်းစုကျေးရွာတွင် လေဘေးထောက်ပံ့မှုသတင်း - မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ကံချောင်ကျေးရွာအုပ်စု၊ ကံချောင်းကျေးရွာတွင် လေပြင်းဘေးထောက်ပံ့မှုသတင်း

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၅-၂၀၂၀)ရက်နေ့၊ (၀၆:၃၀) နာရီချိန်၌ ကျောက်ပန်းတောင်းမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာအုပ်စု (၃)စုမှ ရွာပေါင်း (၃)ရွာတွင် လူနေအိမ်(၈)လုံး အမိုးလန်ပျက်စီးခဲ့သဖြင့် ဘေးသင့်အိမ်ထောင်စု(၈)စုမှ လူဦးရေ(၃၀)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၆၃,၀၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၅၃၀,၀၀၀/-)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၅၉၃,၀၀၀/-)ကျပ်တို့ကို (၂၈-၅-၂၀၂၀)ရက်နေ့၊ (၁၃:၀၀)အချိန်၌ ကျောက်ပန်းတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများ၏လက်ဝယ်အရောက် ထောက်ပံပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။ Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_sgw #mdy_may2020

  • လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံ သံအမတ်ကြီးအား Video Conference ဖြင့် ချိတ်ဆက်ဆွေးနွေး

    မေ ၂၈ ၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံသံအမတ်ကြီး H.E. Ms. Tone Tinnes နှင့် အဖွဲ့အား ယမန်နေ့ နေ့လယ်ပိုင်း၌ အဆိုပါဝန်ကြီးရုံး၊ အစည်းအဝေးခန်းမတွင် Video conference ဖြင့် ချိတ်ဆက်ဆွေးနွေးခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသ၊ တုံ့ပြန်ရေးလုပ်ငန်းများတွင် ပြည်တွင်းနေရပ်စွန့်ခွာသူများ၊ တိုက်ပွဲရှောင်ပြည်သူများ၊ မသန်စွမ်းသူများအပါအဝင် မည်သူတစ်ဦး တစ်ယောက်မျှ ကျန်ရစ်မှုမရှိစေရန် စီစဉ်ဆောင်ရွက်နေမှုများ၊ IDP စခန်းများနှင့် တိုက်ပွဲရှောင် … Read more

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပေါက်မြို့နယ်ဦးစီးမှူးရုံးမှ  (၂၈.၅.၂၀၂၀)ရက်နေ့ မွန်းလွဲ(၁၄း၀၀)အချိန်တွင် ပေါက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ အင်း​တောကျေးရွာအုပ်ချုပ်ရေးမှူး၊ ဆူး​​လေကုန်းကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ ပေါက်မြို့နယ် အင်းတောကျေးရွာအုပ်စု၊အင်းတော(တ)ကျေးရွာ၊ ဆူး​လေကုန်းကျေးရွာအုပ်စု၊ နတ်စဉ်ကုန်းကျေးရွာတို့၌ (၂၇.၅.၂၀၂၀)ရက်နေ့၊ ညနေ(၁၅း၄၅)အချိန်တွင်ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးဖြစ်ပွားခဲ့သော အိမ်ခြေ(၂)လုံး၊ အိမ်ထောင်စု (၂)စုမှ ကျား(၃)ဦး၊ မ(၅)ဦး၊ စုစုပေါင်း(၈)ဦးအား အိမ်ဆောက်ပစ္စည်းဖိုး(၇၀၀၀၀ိ/-)၊ ဆန်ရိက္ခာဖိုး(၇)ရက်စာ(၁၆၈၀၀ိ/-) စုစုပေါင်း(၈၆၈၀၀ိ/-)ကို ပေါက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_sgw #mgy_may2020 Source:           ပေါက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးရုံးမှ တာဝန်ရှိသူများသည် (၂၇-၅-၂၀၂၀) ရက်နေ့တွင် သာစည် မြို့နယ်အတွင်းရှိ ယင်းမာရိုးအုပ်စု၊ ရွာပုလဲအုပ်စု၊ လှိုင်းတက်အုပ်စုတို့၌ လေဘေးဖြစ်ပွားခဲ့ရာ ပြိုလဲပျက်စီးနေအိမ်(၁)လုံး၊ အမိုးလန်နေအိမ် (၄) လုံးတို့မှ ကယ်ဆယ်ရေးပစ္စည်း(၁) အိမ်ထောင်စု စာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၇၈,၉၀၀/-) ကျပ်၊ လူဦးရေ (၂၅)ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ(၅၂,၅၀၀)ကျပ်တို့ကို (၂၈-၅-၂၀၂၀) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။ Source: မိတ္ထီလာခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_sgw #mdy_may2020

  • COVID-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်တုန်း မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈.၅.၂၀၂၀) ရက်နေ့တွင် ညောင်တုန်းမြို့နယ်၊ အင်းမကျေးရွာအုပ်စုနှင့် ဘုရားကုန်း ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ၇ရွာ၌ Covid-19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပြည်သူအသိပညာပေး အသံဖိုင်အား ဖွင့်လှစ်၍ အသိပညာပေးခြင်း၊ ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_may2020 Source:   ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19 ကူးစက်ရောဂါအသိပညာပေးဆောင်ရွက်ခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်ရှောင်ရန်အချက်များ အသိပညာပေး ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လောင်းလုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၅-၂၀၂၀) ရက်နေ့တွင် လောင်းလုံးမြို့နယ်အတွင်းရှိ ပန်းတင်အင်းကျေးရွာနှင့် ငပိတက် ကျေးရွာတို့၌ COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်သည့် သိရှိလိုက်နာဆောင်ရွက်ရမည့် ဆောင်ရန်ရှောင်ရန်အချက်များအား Hand Speaker၊ လော်စပီကာတို့ဖြင့် လှည့်လည်အသိပညာပေးခြင်း၊ Covid-19 အသိပညာပေး ဗီနိုင်းပိုစတာများကပ်ခြင်းနှင့် ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ အသိပညာဗဟုသုတများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်၊ရှောင်ရန်အချက်များအား ကျေးရွာနေပြည်သူများထံ လှည့်လည်အသိပညာပေးခြင်း၊ သဘာဝဘေးဆိုင်ရာ လက်ကမ်းစာစောင်များ ဝေငှခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #tny_may2020 Source:           လောင်းလုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ)