လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် သာပေါင်းမြို့နယ်၊ ကွင်းကောက်ကျေးရွာအုပ်စု၊ ဘောတလင်းကုန်းကျေးရွာ၊ ကျုံဒဒွန်းကျေးရွာအုပ်စု၊ ဗြန့်ကြီးကျေးရွာအုပ်စု၊ အရှေ့ထန်းတပင်ကျေးရွာ၊ ကျီးပင်ကျေးရွာအုပ်စု၊ ကြွက်ကုန်းကျေးရွာအုပ်စု၊ ငါးဘတ်ချောင်းကျေးရွာအုပ်စု၊ ရုံးပင်လေးကျေးရွာ၊ လယ်တီလေးကျေးရွာ၊ ကြိုးကြာကွင်းကျေးရွာ၊ မရမ်းကုန်းကျေးရွာ၌(၂၈-၅-၂၀၂၀)တွင် ဖြစ်ပွားခဲ့သောလေဘေးကြောင့် ပြိုကျပျက်စီးနေအိမ်(၆)လုံး၊ အမိုးလန်ပျက်စီးအေိမ်(၁၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၂၀၀၀၀ဝိ/-)၊ လူဦးရေ(၇၄)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေ(၁၅၅၄၀ဝိ/-)၊ စုစုပေါင်းရန်ပုံငွေ(၁၃၅၅၄၀ဝိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆.)မျိုး (၆)အိမ်ထောင်စာ(၂၀၈၅၁၈/-)အား (၃၀-၅-၂၀၂၀) ရက်နေ့(၀၉း၃၀)နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်တကွတာဝန်ရှိသူများ၏ရှေ့မှောက်၌ ဘေးသင့်ပြည်သူများ၏လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ha_sgw

#ayy_may2020

Source:           သာပေါင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events