လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှုးရုံးမှတာဝန်ရှိသူများသည် ရေကြည်မြို့နယ်၊ ကွမ်းသီးချောင်းကျေးရွာအုပ်စု၊ ကန်ချောင်ကျေးရွာအုပ်စု၊ နွားရေတိုက်ကျေးရွာအုပ်စု၊ ဝါးရုံလဟာကျေးရွာအုပ်စု၊ ပိတောက်ချောင်ကျေးရွာအုပ်စု၊ ကညင်ဂွကျေးရွာအုပ်စု၊ ကျုံပဒုတ်ကျေးရွာအုပ်စု၊ ဗထူးလမ်းနှင့် ငါးသိုင်းချောင်းမြို့၊ အောင်ဆန်းရပ်ကွက်၊ ရှေ့ဆောင်ရပ်ကွက်၊ ကွင်းလျားကျေးရွာအုပ်စု၊ မြစ်ဆယ်ကျေးရွာအုပ်စု၊ မြက်တိုကျေးရွာအုပ်စုတို့တွင်(၂၈.၅.၂၀၂၀)ရက်နေ့တွင် ဖြစ်ပွားသောလေဘေးကြောင့် အမိုးလန်ပျက်စီးနေအိမ်(၂၀)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ(၉၁၀၀၀ဝိ/-)၊ ပြိုကျ/ပျက်စီးနေအိမ်(၆)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ(၆၀၀၀၀ဝိ/-)၊ စုစုပေါင်းလူဦးရေ(၁၀၂)ဦးအတွက်(၇)ရက်စာရန်ပုံငွေ(၂၁၄၂၀ဝိ/-)၊ ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ (၆)အိမ်ထောင်စာ(၂၀၈၅၁၈/-)နှင့် စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ(၁၇၂၄၂၀ဝိ/-)အား (၃၀.၅.၂၀၂၀)ရက်နေ့ (၀၉:၀၀ နာရီမှ (၁၇:၃၀)နာရီအတွင်း တာဝန်ရှိသူများရှေ့မှောက်၌ ဘေးသင့်ပြည်သူများလက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ha_sgw

#ayy_may2020

Source:           ရေကြည်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events