ကရင်ပြည်နယ်ဖွံ့ဖြိုးကြီးကြပ်ရေးမှူးရုံးတွင်အသိပညာပေးဟောပြောပွဲဆောင်ရွက်မှုသတင်း - ပုဗ္ဗသီရိမြို့နယ်၊ ရွာတော်ကျေးရွာအုပ်စု၊ ရွာတော်(မြောက်)ကျေးရွာတွင် လေပြင်းဘေးထောက်ပံ့မှုသတင်း - သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း၏ သင်ခန်းစာများကို ပြန်လည်သုံးသပ်ခြင်းနှင့် ပြင်ဆင်ဖြည့်စွက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲဆောင်ရွက်မှုသတင်း - သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း၏ သင်ခန်းစာများကို ပြန်လည်သုံးသပ်ခြင်းနှင့် ပြင်ဆင်ဖြည့်စွက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲဆောင်ရွက်မှုသတင်း - သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း၏ သင်ခန်းစာများကို ပြန်လည်သုံးသပ်ခြင်းနှင့် ပြင်ဆင်ဖြည့်စွက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲဆောင်ရွက်မှုသတင်း - သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း၏ သင်ခန်းစာများကို ပြန်လည်သုံး သပ်ခြင်း နှင့် ပြင်ဆင်ဖြည့်စွက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပမှုသတင်း - ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်/မြို့နယ် ဒေါနခန်းမ၌ အသိပညာပေးဟောပြောပွဲ ဆောင် ရွက်မှုသတင်း - မြဝတီမြို့၊ အ.ထ.က(ခွဲ) ဝှေ့ရှမ်းကျောင်းနှင့် အ.ထ.က သင်္ဃန်းညီနောင်ကျောင်းတို့တွင် အသိပညာပေး ဟောပြောပွဲပြုလုပ်မှုသတင်း - မြဝတီခရိုင်၊ မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်၊ ခေါက်မလိလမ်းတွင် မီးဘေးထောက်ပံ့မှုသတင်း - ကရင်ပြည်နယ်၊ အ.ထ.က (၅) ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • COVID-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  ခရိုင် / မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် ပူးပေါင်း၍ (၃၁-၅-၂၀၂၀)ရက်နေ့တွင် နံနက် (၈:၀၀) နာရီအချိန်မှ (၈:၃၀) နာရီအချိန်ထိ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်၊ ကမ်းဒေးကျးရွာတွင်လည်းကောင်း၊ (၈:၄၅)မှ (၉:၁၅) နာရီအထိ  တောင်ကုတ်မြို့နယ်၊ ချောင်းသုံးခွကျေးရွာတွင် လည်းကောင်း၊ (၉:၃၀) နာရီမှ (၁၀:၀၀) နာရီအထိ တောင်ကုတ် မြို့နယ်၊ အဘေကျေးရွာတွင်လည်းကောင်း၊  (၁၀:၁၅)နာရီမှ (၁၀:၄၅)နာရီအထိ တောင်ကုတ်မြို့နယ်၊ ဘာယေကျေးရွာတွင် လည်းကောင်း၊ … Read more

  • ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ရှိ IDP စခန်းများ၌ COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိ

    မေလ ၂၇ ရက်နေ့၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် IDP စခန်းများ နှင့် တိုက်ပွဲရှောင်စခန်းများ တွင်နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများ အား COVID – 19 ရောဂါကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန် ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ ယနေ့တွင် ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်ရှိ ဆိုင်းဂျာ၊ ကတ်သလစ်၊ နှစ်ခြင်း၊ လီဆူ၊ ထန်းညနှင့်ညောင်နှစ်ပင် စုစုပေါင်း IDP စခန်း(၆)ခုတွင် လက်သန့်ဆေးရည်(၈၆၄)ဘူး၊ ထုံး(၆၀)အိတ်၊ ဆပ်ပြာ(၂,၃၇၃)ခဲ၊ လက်ဆေးစင်(၁၁)ခု၊ … Read more

  • သံတွဲခရိုင်၊ တောင်ကုတ်မြို့ရှိ ကျေးရွာများအတွင်း COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခရိုင်/ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်ပူးပေါင်း၍ (၃၀-၅-၂၀၂၀) ရက်နေ့၊ (၀၈:၀၀) အချိန်မှ (၀၈:၃၀) အချိန်ထိ သံတွဲခရိုင်၊ တောင်ကုတ်မြို့၊ ကိုင်းရှည်ကျေးရွာ၌လည်းကောင်း၊ (၀၈:၄၅) အချိန်မှ (၀၉:၁၅) အချိန်ထိ တောင်ကုတ်မြို့၊ ဂူတာရပ်ကွက်၌လည်းကောင်း၊ (၀၉:၃၀) အချိန်မှ (၁၀:၀၀) အချိန်ထိ တောင်ကုတ်မြို့၊ ဆေးရုံကွက်သစ်ရပ်ကွက်၌လည်းကောင်း၊ (၁၀:၁၅) အချိန်မှ (၁၀:၄၅) အချိန်ထိ တောင်ကုတ်မြို့၊ ကံပိုင်ရပ်ကွက်၌လည်းကောင်း၊ (၁၁:၀၀) အချိန်မှ (၁၁:၃၀) အချိန်ထိ တောင်ကုတ်မြို့၊ … Read more

  • COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ကိုယ်အပူချိန်တိုင်းထွာပေးခြင်းနှင့် စာရင်းပြုစုခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ (၃၁-၅-၂၀၂၀) ရက်နေ့ (ဝ၈:၃၀) နာရီမှ (၁၇:၃၀) နာရီအချိန်ထိ လတ်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွါးလျက်ရှိသည့် COVID-19 ရောဂါကြိုတင် ကာကွယ်ရေးအတွက် ဂန့်ဂေါခရိုင်အတွင်း ယာဉ် ဝင်/ထွက် အတွက် စီးနင်းလိုက်ပါလာသော ခရီးသည် များအား ကိုယ်အပူချိန်တိုင်းထွာပေးခြင်းနှင့် ပြည်တွင်း/ပမှ ပြန်လာသူများအား စာရင်းပြုစုခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_Jun2020 Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်နိုင်ရန် ပြည်သူသို့ အသိပေးနှိုးဆော်ခြင်း

    မေ ၃၁၊ နေပြည်တော် မြန်မာနိုင်ငံသည် အဓိကပြတ်ရွေ့ကြောကြီးတစ်ခုဖြစ်သော စစ်ကိုင်းပြတ်ရွေ့နှင့် အခြားသော ငလျင်ပြတ်ရွေ့ကြောငယ်များတည်ရှိနေသည့်အတွက်ငလျင်ဘေးအန္တရာယ်ကြီးမားသည့်နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ ငလျင်ဘေးအန္တရာယ်သည် ကြိုတင်ခန့်မှန်းနိုင်မှုမရှိသေးဘဲ နေ့၊ ည အချိန်မရွေး လှုပ်ခတ်နိုင်ပြီး အဖျက်စွမ်းအားကြီးမားသည့် ဘေးအန္တရာယ်တစ်ခုဖြစ်သည့်အတွက် ပြည်သူလူထုအနေဖြင့် ငလျင်၏ သဘောသဘာဝများ၊ ငလျင်ကြောင့်အသက်အန္တရာယ်ကင်းရှင်းရေးအတွက်နေထိုင်ပြုမူရမည့်အသိပညာ၊ ဗဟုသုတများကိုလေ့လာသိရှိထားရန်နှင့် အောက်ပါအချက်များကို လိုက်နာဆောင်ရွက်နိုင်ပါရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက အကြံပြုအပ်ပါသည်- ငလျင်မလှုပ်မီသိရှိဆောင်ရွက်ထားရန်အချက်များ အခန်းတိုင်းတွင် လုံခြုံသောနေရာကို သိရှိထားရမည်။ ခိုင်ခံ့သောစားပွဲခုံအောက်၊ ကုတင်အောက်၊ အခန်း၏ထောင့် နေရာများ၊ အတွင်းနံရံ (သို့မဟုတ်) တိုင်နှင့်ကပ်လျက်နေရာ၊ တံခါးဘောင်အောက် စသည်ဖြင့် ကြိုတင်လေ့လာရွေးချယ်ထားသင့်ပြီး … Read more

  • COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၅-၂၀၂၀) ရက်နေ့ (၀၈:၀၀)နာရီချိန်မှ (၁၂:၀၀)နာရီထိ ဇလွန်မြို့နယ်၊ လိန်ကုန်းအုပ်စု၊ (လိန်ကုန်း၊ထောက်ရှာကွင်း၊အုန်းကုန်း ) ကျေးရွာတို့တွင် လှည့်လည်ပြီး လတ်တလောဖြစ်ပွါးလျက်ရှိသော COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန်များနှင့် ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ အသိပညာဗဟုသုတများ၊ သဘာဝဘေးအန္တရာယ် ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်များကို ကျေးရွာနေပြည်သူများအား အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_Jun2020 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)