
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပေါက်ခေါင်းမြို့နယ်၊ ညောင် ဝန်းကျေးရွာအုပ်စု၊ ညောင်ဝန်းကျေးရွာ၌ (၃၀-၅-၂၀၂၀) ရက်နေ့၊ (၁၂:၀၀) နာရီအချိန်တွင် ဖြစ် ပွားခဲ့သော မီးဘေးကြောင့် ဘုန်းတော်ကြီးကျောင်း ဆွမ်းစားဆောင် (၁) ဆောင်အတွက် ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀/-) ကျပ်အား (၂-၆-၂၀၂၀) ရက်နေ့၊ (၁၁:၀၀) နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဌာနမှ တာဝန်ရှိသူများနှင့်အတူ သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။
#ha_fir
#bgo_june2020
Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)