လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကြံခင်းမြို့နယ်၊ ဆုံလဲအုပ်စုရှိ ကျေးရွာခွဲ (၃)ရွာတွင် (၃၁-၅-၂၀၂၀) ရက်နေ့တွင်ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သော အိမ်ခြေ(၂)လုံး၊ အမိုးလန်ပျက်စီးခဲ့သော အိမ်ခြေ(၄)လုံး၊ ၎င်းအိမ်ထောင်စု (၆)စုရှိ လူဦးရေ(၂၉)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးစီကို အိမ်ထောင်စု(၂)စုစာ အတွက်လည်းကောင်း အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၁၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၆၀,၉၀၀/-) ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၃၇၀,၉၀၀/-) ကျပ်ကို(၂-၆-၂၀၂၀) ရက်နေ့၊ (၁၂:၃၀) နာရီချိန်တွင် ကြံခင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ မြို့နယ် ထွေ/အုပ်မှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: : ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_sgw
#ayy_jun2020

Sign Up

Upcoming Events