Latest News
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၅-၂၀၂၀) ရက်နေ့၊ (၁၈:၁၀)အချိန်၌ ကျောက်ပန်းတောင်းမြို့နယ်တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် မင်းခေါင်း (မ)ကျေးရွာအုပ်စု၊ စမ်းပွင့်ကျေးရွာမှ လူနေအိမ် (၁) လုံး အမိုးလန်ပျက်စီးမှု ဖြစ်ပွားခဲ့သဖြင့် အဆိုပါ လေဘေးသင့် အိမ်ထောင်စု (၁)စုမှ လူဦးရေ (၅)ဦးတို့အတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ(၁၀,၅၀၀/-)ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၀,၀၀၀/-)ကျပ်၊ စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၈၀,၅၀၀/-)ကျပ်တို့ကို (၁-၆-၂၀၂၀)ရက်နေ့၊ (၁၃:၃၀) နာရီအချိန်၌ ဘေးသင့်ပြည်သူ၏ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ကြောင်း … Read more
-
မိုးကြိုးဘေးသင့် ထောက်ပံ့ခြင်းနှင့် လေပြင်းဘေးသင့် ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမ့ခန့်ခွဲမှုဦးစီးဌာ၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ (၃၀-၅-၂၀၂၀)ရက်နေ့ (၁၅း၀၀)နာရီအချိန်တွင် လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်၊ ဝမ်စိမ်းကျေးရွာအုပ်စု၊ လွယ်ဆိုင်ကျေးရွာတွင် မိုးသက်လေပြင်းကျ၍ မိုးကြိုးပစ်ပြီး မီးလောင်သွားသည့် လူနေအိမ်(၁)လုံး၊ ပြိုကျသွားသည့် လူနေအိမ်(၁၂)လုံး၊ အမိုးလန်သွားသည့် ဘာသာရေးကျောင်း/လူနေအိမ် (၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၄)သိန်း(၈)သောင်းကျပ်နှင့် လူဦးရေ(၇၂)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၅၁၂၀၀)ကျပ်၊ စုစုပေါင်း(၁၆၃၁၂၀၀/-) (တစ်ဆယ့်ခြောက်သိန်းသုံးသောင်းတစ်ထောင့်နှစ်ရာကျပ်တိတိ)နှင့် မီးလောင်/ပြိုကျနေအိမ်(၁၃)လုံးအတွက် (၁၇)မျိုးပါ ကယ်ဆယ်ရေးပစ္စည်း(၁၃)ပုံးတို့အား (၁.၆.၂၀၂၀)ရက်နေ့ (၃း၃၀)အချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_tls/sgw #shn_jun2020 Source: လွိုင်လင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၆-၂၀၂၀) ရက်နေ့ (၁၀း၀၀) အချိန်မှ (၁၅:၀၀) အချိန်အထိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာ ဆောင်ရွက်ရမည့် အချက်များနှင့် ပတ်သက်၍ အသိပညာပေးခြင်းကို လယ်ဝေးမြို့နယ်၊ ဥယျာဉ်စုအုပ်စု၊ ဥယျာဉ်စုကျေးရွာ၊ လမ်းစဉ်ကျေးရွာ၊ မြို့ကုန်းကျေးရွာ၊ ဂုံးတောင်ကျေးရွာများအတွင်း ပြည်သူများသို့ ထိရောက်စွာ လိုက်လံအသိပေးဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ) #ar #npw_jun2020
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၅-၂၀၂၀)ရက်နေ့တွင် ဇလွန်မြို့နယ်၊ ကမ်းနားရပ်ကွက်၊ (အထွဋ်၊ လိန်ကုန်း၊ ဆုံကုန်း၊ အင်းတရော်၊ သာဒုချောင်း၊ တောင်ပို့တစ်ရာ) အုပ်စု ၊ ကျေးရွာခွဲ (၂၇) ရွာတို့တွင် ဖြစ်ပွါးခဲ့သော လေဘေးကြောင့် အိမ်ခြေ(၁၁၈)လုံး (ပြိုကျပျက်စီး-၂၇လုံး၊ အမိုးလန်-၉၁လုံး)၊ လူဦးရေ (၄၇၄)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ (၂၇)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၁၈၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၉၉၅၄၀၀/-)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ(၆၁၇၅၄၀၀/-)ကျပ်ကို (၁-၆-၂၀၂၀)ရက်နေ့၊ (၁၄:၀၀)နာရီချိန်တွင် ဇလွန်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၌ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့၊ … Read more
-
လေဘေးသင့် ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ကံကြီးကျေးရွာအုပ်စု၊ ကံကြီးကျေးရွာတွင် (၃၁-၅-၂၀၂၀)ရက်နေ့ (၁၉:၀၀)အချိန်ခန့်၌ ဖြစ်ပွားခဲ့သောလေဘေးကြောင့် အမိုးလန်ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၆၀၀ဝိ/-)၊ ဘေးသင့်လူဦးရေ(၄)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၈၄၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ(၂၄၄၀ဝိ/-)အား (၁-၆-၂၀၂၀)ရက်နေ့ (၁၅:၂၀)အချိန်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်သို့သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #npw_jun2020 Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈/၂၉-၅-၂၀၂၀) ရက်နေ့ များတွင်သာယာဝခရိုင်၊ လက်ပံတန်းမြို့နယ်၊ကျေးရွာအုပ်စု(၁၈)စုမှကျေးရွာ(၄၉)ရွာတို့တွင် ဖြစ်ပွား ခဲ့သော လေဘေးသင့်အမိုးလန်နေအိမ်(၃၇၇)လုံး၊ ပြိုလဲနေအိမ်(၄၆)လုံးတို့အတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၆,၀၄၀,၀၀၀/-) ပြိုလဲနေအိမ်များမှ လူဦးရေ(၂၀၁)ဦး အတွက် ဆန်ရိက္ခာ ဖိုးထောက်ပံ့ငွေ (၄၂၂,၁၀၀/-) ကျပ်၊စုစုပေါင်း ( ၁၆,၄၆၂,၁၀၀/-) ကျပ်နှင့် ပြိုလဲနေအိမ် (၄၆) လုံး အတွက် ထောက်ပံ့ပစ္စည်း (၁၆) မျိုးပါ(၄၆)ပုံးတို့အား (၁-၆-၂၀၂၀)ရက်နေ့၊ (၁၃:၀၀) နာရီအချိန်တွင် လက်ပံတန်းမြို့နယ်ထွေအုပ်အစည်းအဝေးခန်းမတွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ … Read more









