လေဘေးသင့်ပြည်သူအားထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဆင်ပေါင်ဝဲမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၆-၂၀၂၀) ရက်နေ့တွင်

မ​ကွေးဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်အတွင်း၌ ဖြစ်ပွားသော လေဘေးကြောင့် အမိုးလန်နေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၀,၀၀၀ိ/-)ကျပ်နှင့် လူဦးရေး(၅)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၀,၅၀၀ိ/-)ကျပ်တိတိအား သက်ဆိုင်ရာတာဝန်ရှိသူများ ရှေ့မှောက်နှင့် ဘေးသင့်ပြည်သူများလက်ဝယ်သို့(၄-၆-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်တွင် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: : ဆင်ပေါင်ဝဲမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ha_sgw

#mgy_jun2020

 

Sign Up

Upcoming Events