သောက်သုံးရေဖြန့်ဝေမှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၆-၂၀၂၀)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ပြန်ဆက်ဦးစီးမှူး၊ မြို့နယ်တိကု ဦးစီးမှူး၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ မိုင်းဖြတ်မြို့နယ်၊‌ ဈေးတန်းရပ်ကွက်ရှိ အိမ်ထောင်စု(၂၇၄)စုတို့အတွက် သောက်သုံးရေဂါလန် (၁၂၀၀)ပါရေကား(၁)စီးနှင့် နံနက်(၁၀:၀၀) နာရီအချိန်တွင် နားမွန်းကျေးရွာရှိအိမ်ထောင်စု (၈၆)စုတို့အတွက် သောက်သုံးရေ ဂါလန် (၁၂၀၀)ပါရေကား(၁)စီးတို့အား သွားရောက် ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: : မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ha_drg
#shn_jun2020

Sign Up

Upcoming Events