လေပြင်းဘေးသင့်ပြည်သူများအားထောက်ပံ့ပေးမှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကယားပြည်နယ်၊ လွိုင် ကော်ခရိုင်၊ ရှားတောမြို့နယ်၊ မြောက်ပိုင်းကျေးရွာအုပ်စု၊ မြောက်ပိုင်းစုစည်းကျေးရွာ၌ (၂-၆-၂၀၂၀) ရက်နေ့ လေပြင်းတိုက်ခတ်မှုကြောင့် သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း နေအိမ်(၁) လုံး အမိုးလန် ပျက်စီးခဲ့ရာ အိမ်ထောင်စု(၁) စု၊ လူဦးရေ(၁) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၆၀,၀၀ဝ/-) ကျပ် နှင့် ဆန်ရိက္ခာဖိုး (၇) ရက်စာထောက်ပံ့ငွေ (၂,၁၀ဝ/-) ကျပ်၊ ထောက်ပံ့ငွေ စုစုပေါင်း(၆၂,၁၀ဝ/-) ကျပ်ကို (၄-၆-၂၀၂၀) ရက်နေ့ (၁၁:၀၀) နာရီအချိန်တွင် ထောက်ပံ့ခဲ့ပါ ကြောင်းသတင်းရရှိပါသည်။

#ha_sgw
#kyh_jun2020
Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events