Latest News
-
မိုးကြိုးဘေးအန္တရာယ်နှင့်ပတ်သက်၍အသိပေးနှိုးဆော်ခြင်း
~~~~~~~~ Source: MOSWRR ~~~~~~~~ ဇွန်လ ၇ ရက်၊ နေပြည်တော် ~~~~~~~ မြန်မာနိုင်ငံတွင် မိုးကြိုးဘေးအန္တရာယ်သည် မိုးကြိုကာလနှင့် မိုးနှောင်းကာလများ၌ ပိုမိုဖြစ်ပွားတတ်ပြီးလေ့လာတွေ့ရှိမှုများအရ တစ်နေ့တာအတွင်း မိုးကြိုးပစ်ခြင်းအဖြစ်အများဆုံးအချိန်မှာ မွန်းတည့်(၁၂)နာရီမှ ညနေ(၆)နာရီအတွင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။ မိုးကြိုးပစ်မှုကြောင့် ၂၀၁၉ ခုနှစ်တွင် လူ(၁၃၃)ဦးသေဆုံးခဲ့ပြီး (၅၂)ဦးဒဏ်ရာရရှိခဲ့ကာ ယခု ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ(၁)ရက်နေ့မှ ဇွန်လ(၆)ရက်နေ့အထိ လူ(၆၂)ဦးသေဆုံးကာ (၂၆)ဦး ဒဏ်ရာရရှိခဲ့ပါသည်။ မိုးကြိုးပစ်မှုဖြစ်စဉ်များကိုကြည့်ပါက မိုးထစ်ချုန်းရွာသွန်းခြင်း၊ လျှပ်စီးလက်ခြင်းဖြစ်ပေါ်နေချိန်များတွင် လယ်ကွင်းထဲ၌အလုပ်လုပ်နေစဉ်၊ အိမ်အပြင်ဘက်၌ လူများတစ်စုတစ်စည်းတည်းရှိနေစဉ်၊ … Read more
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၇-၆-၂၀၂၀)ရက်နေ့၌ သရက်ချောင်းမြို့နယ်အတွင်းရှိ အင်ဗူးကျေးရွာနှင့် သင်ပုန်းချောင်းကျေးရွာတို့တွင် လော်စပီကာ၊ Hand Speaker တို့ဖြင့် Covid-19 လတ်တရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် အများပြည်သူ သို့ အသိပညာပေးပန်ကြားချက်များအား လှည့်လည်ဟောပြောခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: : သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #tny_jun2020
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၆-၂၀၂၀) ရက်နေ့တွင် ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ ဖောင်ကြီးအရှေ့ရပ်ကွက်၊ ဖောင်ကြီးအနောက်ရပ်ကွက်၊ ပုတ်သင်ညိုကျေးရွာ၊ ဂွေးတောက်အိုင်ကျေးရွာ၊ ကျွန်းကလေးကျေးရွာ၊ သာယာကုန်းကျေးရွာ၊ ကြာအင်းနောက်ကျေးရွာ၊ ကျောက်ကတင်ကျေးရွာတို့တွင် Covid19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနှင့်ပတ်သက်၍ အများပြည်သူများသိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေငြာများအား အရာထမ်း၊အမှုထမ်းများမှ ရပ်ကွက်များအတွင်း အသိပေးကြော်ငြာခြင်းများ ပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ar #ygn_jun2020
-
မိုးကြိုးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၆-၆-၂၀၂၀)ရက်နေ့၊ (၁၆း၀၀) နာရီအချိန်တွင် မြင်းခြံမြို့နယ်၊ သာပေါင်းကျေးရွာအုပ်စု၊ မြောက်ကျွန်းကျေးရွာ၌ သလင်းတွင် နေလှမ်းထားသော နှမ်းများ မိုးမိမည်စိုးသဖြင့် နှမ်းများခါ၍ ရုပ်သိမ်းစဥ် မိုးကြိုးပစ်ခံရပြီး (၃)ဦးသေဆုံး၊ (၁)ဦးဒဏ်ရာ ရရှိခဲ့သည့်အတွက် သေဆုံး(၃)ဦး ထောက်ပံ့ငွေ(၉၀၀,၀၀၀ိ/-) ကျပ်၊ ဒဏ်ရာရ(၁)ဦးထောက်ပံ့ငွေ(၅၀,၀၀၀ိ/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၉၅၀,၀၀၀ိ/-) ကျပ်အား (၇-၆-၂၀၂၀)ရက်နေ့တွင် မြင်းခြံ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး၊ကျေးရွာအုပ်ချုပ် … Read more
-
COVID-19 ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းအစီအစဉ်တွင် ပါဝင်ဆောင်ရွက်ပေးကြသည့် စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များအား အသိအမှတ်ပြုဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ရင်ထိုးတံဆိပ်များစတင်ပေးအပ်
~~~~~~~~~ Source: MOSWRR ~~~~~~~~~ ဇွန်လ၊ ၇၊ နေပြည်တော် ~~~~~~~~~ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းအစီအစဉ်တွင် ပါဝင်ဆောင်ရွက်ပေးကြသည့်စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များအား အသိအမှတ်ပြုဂုဏ်ပြုမှတ်တမ်းလွှာများ၊ စေတနာ့ဝန်ထမ်းရင်ထိုးတံဆိပ်များ စတင်ပေးအပ်ခြင်း၊ တစ်ကိုယ်ရည်လုံခြုံရေးအကာအကွယ်ပစ္စည်းများ ထောက်ပံ့ခြင်းနှင့် သတ်မှတ်နေရာအဆောက်အဦများတွင်ထားရှိပြီး အသွားအလာကန့်သတ်ခြင်း (Quarantine Center) များတွင်ရှိသော ကိုယ်ဝန်ဆောင်များ၊ အသက်(၅)နှစ်အောက်ကလေးများ၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများအား ငွေကြေးထောက်ပံ့ပေးခြင်းတို့ကို အမျိုးသားအဆင့်စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ယနေ့နံနက်ပိုင်းက သွားရောက်ဆောင်ရွက်ခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးနှင့်အတူ နေပြည်တော်ကောင်စီဥက္ကဌဒေါက်တာမျိုးအောင်၊ လူမှုဝန်ထမ်းဦးစီးဌာန … Read more
-
သောက်သုံးရေ သွားရောက်လှူဒါန်းမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၆-၂၀၂၀) ရက်နေ့တွင် သာစည်မြို့နယ်၊ ရွာမွန်သာကျေးရွာအုပ်စု၊ ရွာမွန်သာကျေးရွာတွင် သောက်သုံးရေရှားပါးမှု ဖြစ်ပေါ်နေခြင်းအတွက် သောက်သုံးရေဂါလန် (၁,၇၀၀) ကိုထပ်မံသွားရောက်လှူဒါန်းခဲ့ပါကြောင်း သိရှိရပါသည်။ Source: မိတ္ထိလာခရိုင်ဦးစီးမှူးရုံး #ha_drg #mdy_jun2020









