Latest News
-
လေဘေးသင့်ပြည်သူအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရေဦးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဒီပဲယင်းမြို့နယ်၊ အင်ဘုတ် ကျေးရွာအုပ်စု၊ အင်ဘုတ်ကျေးရွာ၊ သာယာအေး ကျေးရွာ၊ ဝန်းရံကျေးရွာ၊ ကုန်းရိုးကျေးရွာတို့တွင် (၆-၆-၂၀၂၀)ရက်နေ့၊(၁၉:၁၅)နာရီအချိန်၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျနေအိမ်(၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁) အိမ်ထောင်စုစာ၊ အမိုးလန်ပျက်စီးခဲ့သော နေအိမ် (၃၀)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၈၂၀,၀၀၀/-) ကျပ်၊ လူဦးရေ(၁၃၅)ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၂၈၃,၅၀၀/-) ကျပ်တို့အား (၈-၆-၂၀၂၀)ရက်နေ့၊ (၁၃:၀၀)နာရီချိန်တွင် ဒီပဲယင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ … Read more
-
လေဘေးသင့်ပြည်သူအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၆-၂၀၂၀)ရက်နေ့၊ (၀၆:၁၀)နာရီ အချိန်ခန့်၌ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ လယ်ဇပင် ကျေးရွာအုပ်စု၊ ဖက်သန်းတောင်ကျေးရွာတွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန် ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၂,၅၀ဝိ/-) ကျပ်၊ ဘေးသင့်လူဦးရေ(၁)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၂,၁၀ဝိ/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ(၄၄,၆၀ဝိ/-) ကျပ်အား (၈-၆-၂၀၂၀)ရက်နေ့၊ (၁၃:၃၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်သို့သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: : … Read more
-
မိုးကြိုးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၆-၂၀၂၀)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ Tအဂါးကျေးရွာအုပ်စု၊ ကျုံကျိုက်ကျေးရွာ၌ ဖြစ်ပွားခဲ့သော မိုးကြိုးဘေးကြောင့် သေဆုံးခဲ့သူ(၁)ဦးအတွက် ကယ်ဆယ်ရေးရန်ပုံငွေ (၃၀၀၀၀ဝ/-)ကျပ်နှင့် အာရုံကြောထိခိုက်ဒါဏ်ရာရရှိသူ (၁)ဦးအတွက် ထောက်ပံ့ရန်ပုံငွေ (၅၀၀၀ဝ/-)ကျပ်တို့အား (၈-၆-၂၀၂၀)ရက်နေ့၊ (၁၁:၀၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ကျေးရွာအုပ်ချုပ် ရေးမှူး၊ ရပ်မိရပ်ဖများရှေ့မှောက်၌ မိုးကြိုးဘေးသင့်ပြည်သူများ၏မိသားစုများဝင် လက်ဝယ်အရောက် ထောက်ပံ့ပေးအပ် ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_tls #ayy_jun2020
-
မိုးကြိုးဘေးသင့်ပြည်သူအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၆-၂၀၂၀)ရက်နေ့၌ ပဲခူးတိုင်း ဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်၊ ကံကလေးကျေးရွာအုပ်စု၊ ကံကလေးကျေးရွာတွင် ဖြစ်ပွားခဲ့သော မိုးကြိုးဘေးမှ သေဆုံးသူ(၁)ဦးအတွက် သေဆုံးထောက်ပံ့ငွေ (၃၀၀,၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၀၀,၀၀၀/-)ကျပ်အား (၈-၆-၂၀၂၀)ရက်နေ့၊ (၁၁း၄၅)နာရီအချိန်တွင် ဘေးသင့်နေအိမ်၌ ဇီးကုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: : မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_tls #bgo_jun2020
-
ချင်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး၏ ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး တည်ဆောက်ခြင်းလုပ်ငန်းများ စစ်ဆေးခြင်းနှင့် ထန်တလန်မြို့နယ်၊ သီကီရ်ကျေးရွာရှိ တိုက်ပွဲရှောင်ပြည်သူများအား ဆန်ရိက္ခာများ၊ လယ်ယာသုံးပစ္စည်းများနှင့် အားကစားပစ္စည်းများ ထောက်ပံ့မှုသတင်း
ချင်းပြည်နယ်အစိုးရအဖွဲ့၊ ချင်းပြည်နယ် လူမှုရေးဝန်ကြီး၊ ဦးပေါင်လွင်းမင့်ထန်သည် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် (၆-၆-၂၀၂၀)ရက်နေ့ (၁၃း၀၀)အချိန်တွင် ထန်တလန်မြို့နယ်၊ မွန်ဟားကျေးရွာသို့ရောက်ရှိပြီး အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသည့် မွန်ဟားကျေးရွာ ကျောက်စီမြေထိန်းနံရံ (အလျား ၅၀၀ပေ× အမြင့် ၁၂ပေ× ထု ၁ပေခွဲ )ရှိ တည်ဆောက်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ပါသည်။ ၎င်းနောက် (၇-၆-၂၀၂၀)ရက်နေ့ (၀၉း၀၀)အချိန်တွင် သီကီရ်ကျေးရွာ၊ CPU ဘုရားကျောင်း၌ ကျင်းပပြုလုပ်သည့် ထောက်ပံ့ပေးအပ်ပွဲကိုတက်ရောက်ခဲ့ပြီး ပလက်၀မြို့နယ်မှ ထန်တလန်မြို့နယ်၊ သီကီရ်ကျေးရွာသို့ ပြောင်းရွှေ့နေထိုင်ကြသည့် တိုက်ပွဲရှောင် အိမ်ထောင်စု(၃၃)စု၊ လူဦးရေ(၁၈၉)ဦးတို့အား ဆန်ရိက္ခာ(၆)လစာ … Read more
-
လေဘေးသင့်ပြည်သူအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၆-၂၀၂၀)ရက်နေ့၌ ပဲခူးတိုင်း ဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ကျောက်ကြီးတန်းရပ်ကွက်၊ ကျောက်ကြီးတန်းလမ်း တွင် ဖြစ်ပွားခဲ့သော လေဘေးမှ သစ်ပင်ပိတစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၁)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀,၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၀,၀၀၀/-) ကျပ်အား (၈-၆-၂၀၂၀)ရက်နေ့၊ (၁၀း၃ဝ)နာရီအချိန်တွင် အုတ်ဖိုမြို့နယ်ထွေအုပ်ရုံး၌ ထွေအုပ်ရုံးမှ တာဝန်ရှိသူ များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: : မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_sgw … Read more









