
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၆-၂၀၂၀)ရက်နေ့၊ (၀၆:၁၀)နာရီ အချိန်ခန့်၌ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ လယ်ဇပင် ကျေးရွာအုပ်စု၊ ဖက်သန်းတောင်ကျေးရွာတွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန် ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၂,၅၀ဝိ/-) ကျပ်၊ ဘေးသင့်လူဦးရေ(၁)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၂,၁၀ဝိ/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ(၄၄,၆၀ဝိ/-) ကျပ်အား (၈-၆-၂၀၂၀)ရက်နေ့၊ (၁၃:၃၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်သို့သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: : ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_sgw
#npw_jun2020