ချင်းပြည်နယ်အစိုးရအဖွဲ့၊ ချင်းပြည်နယ် လူမှုရေးဝန်ကြီး၊ ဦးပေါင်လွင်းမင့်ထန်သည် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် (၆-၆-၂၀၂၀)ရက်နေ့ (၁၃း၀၀)အချိန်တွင် ထန်တလန်မြို့နယ်၊ မွန်ဟားကျေးရွာသို့ရောက်ရှိပြီး အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသည့် မွန်ဟားကျေးရွာ ကျောက်စီမြေထိန်းနံရံ (အလျား ၅၀၀ပေ× အမြင့် ၁၂ပေ× ထု ၁ပေခွဲ )ရှိ တည်ဆောက်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ပါသည်။ ၎င်းနောက် (၇-၆-၂၀၂၀)ရက်နေ့ (၀၉း၀၀)အချိန်တွင် သီကီရ်ကျေးရွာ၊ CPU ဘုရားကျောင်း၌ ကျင်းပပြုလုပ်သည့် ထောက်ပံ့ပေးအပ်ပွဲကိုတက်ရောက်ခဲ့ပြီး ပလက်၀မြို့နယ်မှ ထန်တလန်မြို့နယ်၊ သီကီရ်ကျေးရွာသို့ ပြောင်းရွှေ့နေထိုင်ကြသည့် တိုက်ပွဲရှောင် အိမ်ထောင်စု(၃၃)စု၊ လူဦးရေ(၁၈၉)ဦးတို့အား ဆန်ရိက္ခာ(၆)လစာ (၃၅၄)အိတ်(၉)ပြည်၊ အိမ်ထောင်စု(၁)စုလျှင် (ဓား၊ ပုဆိန်၊ ပေါက်ပြား) (၁)စုံနှုန်းဖြင့် အိမ်ထောင်စု (၃၃)စုအတွက် (ဓား၊ ပုဆိန်၊ ပေါက်ပြား) (၃၃)စုံနှင့် မူလတန်း ကျောင်းသား/သူ(၄၀)ဦးတို့အတွက် ကလေးကျောင်း ဝတ်စုံ(၄၀)ထည်နှင့် အားကစားပစ္စည်းများ ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ ဝန်ကြီးနှင့်အဖွဲ့သည် (၁၁း၀၀)အချိန်တွင် အမျိုးသားသဘာ၀ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဖြင့် တည်ဆောက်သည့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းလမ်း (၃.၃)ဖာလုံ လမ်းတာချဲ့ခြင်းနှင့် သီကီးရ်တိုက်နယ်ဆေးရုံနောက်ကျောဘက်ရှိ ကမ်းပါးရံကျောက်စီရေမြောင်းပါ မြေထိန်းနံရံ (၁၅၀×၁၂)ပေ တည်ဆောက်မည့် မြေနေရာအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး မိုးမကျမီ လုပ်ငန်းများဆောင်ရွက်ပြီး အရည်အသွေးပြည့်မီအောင် ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_otr
#chn_jun2020
Source: ချင်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)