
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရေဦးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဒီပဲယင်းမြို့နယ်၊ အင်ဘုတ် ကျေးရွာအုပ်စု၊ အင်ဘုတ်ကျေးရွာ၊ သာယာအေး ကျေးရွာ၊ ဝန်းရံကျေးရွာ၊ ကုန်းရိုးကျေးရွာတို့တွင် (၆-၆-၂၀၂၀)ရက်နေ့၊(၁၉:၁၅)နာရီအချိန်၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျနေအိမ်(၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁) အိမ်ထောင်စုစာ၊ အမိုးလန်ပျက်စီးခဲ့သော နေအိမ် (၃၀)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၈၂၀,၀၀၀/-) ကျပ်၊ လူဦးရေ(၁၃၅)ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၂၈၃,၅၀၀/-) ကျပ်တို့အား (၈-၆-၂၀၂၀)ရက်နေ့၊ (၁၃:၀၀)နာရီချိန်တွင် ဒီပဲယင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ လေဘေးသင့်ပြည်သူများ လက်ဝယ်သို့ ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: : ရေဦးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ha_sgw
#sgg_jun2020