Latest News
-
COVID 19 အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် ( ၁၀-၆-၂၀၂၀)ရက်နေ့ နံနက်(၈:၀၀) နာရီအချိန်မှ (၉:၄၀) နာရီအချိန်အထိ မာန်အောင်မြို့နယ်အတွင်းရှိ မြို့မစျေး နှင့်ပြန်ကျစျေးတို့တွင် COVID-19 အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရန် လက်ကမ်းစာစောင်များ ဖြန့်ဝေ ခြင်း လိုက်လံနှိုးဆော်ခြင်းများအား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #rke_jun2020 Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၆-၂၀၂၀) ရက်နေ့၊ (၁၅:၂၅) နာရီအချိန်၌ လှိုင်းဘွဲမြို့နယ်၊ ကွမ်တာကျေးရွာအုပ်စု၊ ရှမ်းရွာကျေးရွာတွင် သွပ်မိုး၊ ပျဉ်ကာ၊ အုတ်ညှပ်(၂)ထပ် နေအိမ်(၁)လုံးနှင့် သွပ်မိုး၊ ပျဉ်ထောင်၊ ပျဉ်ခင်း(၁)ထပ် နေအိမ် (၂) လုံး၊ စုစုပေါင်း နေအိမ်(၃)လုံး မီးလောင်ကျွမ်းခဲ့ပြီး အိမ်ထောင်စု(၃)စုမှ လူဉီးရေ (၂၂) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး၊ အိမ်ထောင်စု(၃)စုစာ၊ ဆန်ရိက္ခာ(၇)ရက်စာထောက်ပံ့ဖိုးငွေ (၄၆,၂၀၀/-) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၆၀၀,၀၀၀/-) ကျပ်၊စုစုပေါင်း(၆၄၆,၂၀၀/-) ကျပ်အား (၁၀-၆-၂၀၂၀)ရက်နေ့၊ … Read more
-
ကမ်းပြိုဘေး ကြိုတင်ပြောင်းရွှေ့နေအိမ်များအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ (၆-၆-၂၀၂၀)ရက်နေ့တွင် ကသာမြို့နယ်၊ ပုလွှေရွှေကျေးရွာအုပ်စု၊ သစ်ဖြူကုန်းကျေးရွာနှင့် ရေလယ်ကျွန်းကျေးရွာတွင် ဧရာ၀တီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုမှုဖြစ်ပွားခဲ့ရာ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ အိမ်ထောင်စု(၂)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး (၂) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀)ကျပ် နှင့် လူဦးရေ (၉) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၈၉၀၀)ကျပ်၊ စုစုပေါင်း (၂၁၈၉၀၀)ကျပ် တို့ကို (၉-၆-၂၀၂၀)ရက် (၁၆း၀၀)နာရီတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #sgg_jun2020 Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၁၀-၆-၂၀၂၀) ရက်နေ့၊ (၁၁:၀၀) နာရီအချိန်တွင် သောက်သုံးရေခက်ခဲသော မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာ(အရှေ့ပိုင်း)၊ အောင်ချမ်းသာကွက်သစ်နှင့် ဦးကျော်စိန်(တဲတိုက်) ရှိ အိမ်ခြေ (၁၀၆) လုံး၊ အိမ်ထောင် စု(၁၁၇) စု၊ လူဦးရေ (၅၃၂) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆၀၀၀) အား သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: : မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ha_drg #mgy_jun2020
-
ကျုံဒိုးမြို့၊ ဓမ္မသုခဘုန်းကြီးကျောင်းဓမ္မာရုံ၌ သဘာဝဘေးကြိုတင်ကာကွယ်ရေးနှင့်ပတ်သတ်၍ အသိပညာပေး ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကော့ကရိတ်ခရိုင်အုပ်ချုပ်ရေးမှူး၏ လမ်းညွှန်ချက်အရ ကျုံဒိုးမြို့ရှိ မိခင်နှင့်ကလေးအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးစာရေးများနှင့် မီးသတ်တပ်ဖွဲ့ဝင်များအား (၁၀-၆-၂၀၂၀) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်မှ (၁၂:၀၀) နာရီအချိန်ထိ ကျုံဒိုးမြို့၊ ဓမ္မသုခဘုန်းကြီးကျောင်းဓမ္မာရုံ၌ သဘာဝဘေးကြိုတင်ကာကွယ်ရေးနှင့်ပတ်သတ်၍ အသိပညာပေးဆွေးနွေးခြင်းနှင့် ဘေး(၈) မျိုးပါ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #krn_jun2020 Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၆-၂၀၂၀)ရက်နေ့၊ (၁၅း၃၀) နာရီအချိန်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ကင်ပွန်းတန်း ကျေးရွာအုပ်စု၊ သဲကျွန်းကျေးရွာ၌ ဖြစ်ပွားခဲ့သော မီးလောင်မှုကြာင့် ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀,၀၀၀ိ/-) ကျပ်၊ ဘေးသင့်လူဦးရေ (၇) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၄,၇၀ဝိ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ( ၃၁၄,၇၀ဝိ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး (၂)အိမ်ထာင်စာတို့အား (၁၀-၆-၂၀၂၀)ရက်နေ့၊ (၁၀း၁၅) နာရီအချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်း … Read more









