
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၆-၂၀၂၀) ရက်နေ့၊ (၁၅:၂၅) နာရီအချိန်၌ လှိုင်းဘွဲမြို့နယ်၊ ကွမ်တာကျေးရွာအုပ်စု၊ ရှမ်းရွာကျေးရွာတွင် သွပ်မိုး၊ ပျဉ်ကာ၊ အုတ်ညှပ်(၂)ထပ် နေအိမ်(၁)လုံးနှင့် သွပ်မိုး၊ ပျဉ်ထောင်၊ ပျဉ်ခင်း(၁)ထပ် နေအိမ် (၂) လုံး၊ စုစုပေါင်း နေအိမ်(၃)လုံး မီးလောင်ကျွမ်းခဲ့ပြီး အိမ်ထောင်စု(၃)စုမှ လူဉီးရေ (၂၂) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး၊ အိမ်ထောင်စု(၃)စုစာ၊ ဆန်ရိက္ခာ(၇)ရက်စာထောက်ပံ့ဖိုးငွေ (၄၆,၂၀၀/-) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၆၀၀,၀၀၀/-) ကျပ်၊စုစုပေါင်း(၆၄၆,၂၀၀/-) ကျပ်အား (၁၀-၆-၂၀၂၀)ရက်နေ့၊ (၁၅:၅၀)နာရီအချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်း ရရှိပါသည်။
Source: : ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
#ha_fir
#krn_jun2020