ကျုံဒိုးမြို့၊ ဓမ္မသုခဘုန်းကြီးကျောင်းဓမ္မာရုံ၌ သဘာဝဘေးကြိုတင်ကာကွယ်ရေးနှင့်ပတ်သတ်၍ အသိပညာပေး ဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကော့ကရိတ်ခရိုင်အုပ်ချုပ်ရေးမှူး၏ လမ်းညွှန်ချက်အရ ကျုံဒိုးမြို့ရှိ မိခင်နှင့်ကလေးအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးစာရေးများနှင့် မီးသတ်တပ်ဖွဲ့ဝင်များအား (၁၀-၆-၂၀၂၀) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်မှ (၁၂:၀၀) နာရီအချိန်ထိ ကျုံဒိုးမြို့၊ ဓမ္မသုခဘုန်းကြီးကျောင်းဓမ္မာရုံ၌ သဘာဝဘေးကြိုတင်ကာကွယ်ရေးနှင့်ပတ်သတ်၍ အသိပညာပေးဆွေးနွေးခြင်းနှင့် ဘေး(၈) မျိုးပါ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#krn_jun2020
Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events