လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ (၆-၆-၂၀၂၀)ရက်နေ့တွင် ကသာမြို့နယ်၊ ပုလွှေရွှေကျေးရွာအုပ်စု၊ သစ်ဖြူကုန်းကျေးရွာနှင့် ရေလယ်ကျွန်းကျေးရွာတွင် ဧရာ၀တီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုမှုဖြစ်ပွားခဲ့ရာ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ အိမ်ထောင်စု(၂)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး (၂) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀)ကျပ် နှင့် လူဦးရေ (၉) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၈၉၀၀)ကျပ်၊ စုစုပေါင်း (၂၁၈၉၀၀)ကျပ် တို့ကို (၉-၆-၂၀၂၀)ရက် (၁၆း၀၀)နာရီတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_rbe
#sgg_jun2020
Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)