Latest News
-
Covid-19 ကူးစက်ရောဂါအသိပညာပေး ဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၁၁.၆.၂၀၂၀)ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထား၀ယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ ဇလွန်းကျေးရွာနှင့် တလိုင်းတောင်ကျေးရွာတို့တွင် လောစပီကာဖြင့် (Covid-19) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် အများပြည်သူသို့ အသိပညာပေးပန်ကြားချက်များ လှည့်လည်ကြေညာခြင်းနှင့် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်းများဝေငှခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #tny_jun2020 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
လေပြင်းဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၆-၂၀၂၀)ရက်နေ့နှင့် (၁၁-၆-၂၀၂၀) ရက်နေ့တို့တွင် မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအုပ်စု၊ ရွာသာယာကျေးရွာ နှင့် ဆတ္ထူကျေးရွာအုပ်စု၊ ဆတ္ထူကျေးရွာတို့၌ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှု ကြောင့် လေဘေးသင့်နေအိမ်(၄)လုံး၊ အိမ်ထောင်စု (၄)စု၊ လူဦးရေ(၂၄)ဦးတို့အတွက် အိမ်ဆောက် ပစ္စည်းရန်ပုံငွေ(၄၀၀၀၀ဝိ/-)၊ ဆန်ရိက္ခာဖိုးထောက်ပံ့ ငွေ(၅၀,၄၀ဝိ/-)ကျပ်၊ သေဆုံးသူ(၁)ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀ဝိ/-)ကျပ်၊ ဒဏ်ရာရရှိသူ(၁) ဦးအတွက် ထောက်ပံငွေ (၅၀,၀၀ဝိ/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၈၀၀,၄၀ဝိ/-)ကျပ်နှင့် ကယ်ဆယ်ရေး ပစ္စည်း(၁၇)မျိုးတို့အား (၁၁-၆-၂၀၂၀) … Read more
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၆-၂၀၂၀) ရက်နေ့၊ (၀၉:၃၀) နာရီအချိန်မှ (၁၅:၀၀) နာရီအချိန်အထိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ပတ်သက်၍ အသိပညာပေးခြင်းကို လယ်ဝေးမြို့နယ်၊ ဇလီငှက်ကြီးတောင်ကျေးရွာအုပ်စု၊ တဲကြီး ကုန်းရွာသစ်ကျေးရွာ၊ တဲကြီးကုန်းရွာမကျေးရွာ၊ လသာကျေးရွာ၊ အောင်နန်းချိုကျေးရွာရှိ ပြည်သူ များသို့ ထိရောက်စွာ လိုက်လံအသိပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: : နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ) #ar #npw_jun2020
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတောင်ကြီးမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၉-၆-၂၀၂၀)ရက်၊ နံနက်(၁၀း၁၅)အချိန် သံတောင်ကြီးမြို့အမှတ်(၃)ရပ်ကွက်တွင် ဖြစ်ပွားခဲ့သောလေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးသွားသောနေအိမ်(၁)လုံးအတွက် အိမ်ဆာက်ပစ္စည်းဖိုးငွေ(၅၀၀၀၀)ကျပ်၊ အိမ်ထောင်စု(၁)စု လူဦးရေ(၅)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ(၁၀၅၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၆၀၅၀၀)ကျပ်ကို (၁၁-၆-၂၀၂၀)ရက်နေ့၊ (၁၅း၀၀)နာရီအချိန်တွင် သံတောင်ကြီးမြို့နယ်ဦးစီးမှူးရုံး၌ ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #krn_jun2020 Source: သံတောင်ကြီးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၁၀-၆-၂၀၂၀)ရက်နေ့၊ (၁၃:၂၀)နာရီအချိန်တွင် မင်းလှမြို့နယ်၊ လက်ခုပ်ပင်ကျေးရွာအုပ်စု၊ ညောင်ပင်တဲကျေးရွာ၌ မီးလောင်ကျွမ်းမှုကြောင့် နေအိမ်(၂)လုံး မီးလောင်ပျက်စီးခဲ့ပြီး အိမ်ခြေ(၂)လုံး၊ အိမ်ထောင်စု(၂)စု၊ လူဦးရေ စုစုပေါင်း(၁၀)ဦး ဘေးသင့်ခဲ့ရာ ဘေးသင့်လူဦးရေ (၁၀)ဦးအတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာထောက်ပံ့ငွေ (၂၁,၀၀ဝိ/-) ကျပ်၊ နေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၅၀,၀ဝဝိ/-)ကျပ်၊ ရန်ပုံငွေစုစုပေါင်း (၁၇၁,၀၀ဝိ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၁)အိမ်ထောင်စုစာအား (၁၁-၆-၂၀၂၀) ရက်နေ့တွင် မင်းလှမြို့နယ် … Read more
-
လေပြင်းဘေးသင့်ပြည်သူအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကဝမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးခရိုင်၊ ကဝမြို့နယ်၊ နိဗ္ဗာန်ကျေးရွာ၌ (၁၁-၅-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေဘေးမှ ပြိုလဲနေအိမ် (၁) လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀ဝ/-) ကျပ်နှင့် လူဦးရေ (၁) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂,၁၀ဝ/-) ကျပ်အား (၁၁-၆-၂၀၂၀) ရက်နေ့၊ (၁၅:၀၀)နာရီအချိန်တွင် သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများအား သွားရောက်ထောက်ပံ့ ခဲ့ပါကြောင်းသတင်းရရှိပါသည်။ #ha_sgw #bgo_jun2020 Source: ကဝမြို့နယ်ဦးစီးမှူးရုံး (ဘစမ)









