မီးဘေးသင့် ထောက်ပံ့ခြင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့နယ်၊ မြပြင်ရပ်ကွက်၌ (၂၁.၅.၂၀၂၀)ရက်နေ့ကဖြစ်ပွားခဲ့သော မီးဘေးကြောင့် ပျဉ်ထောင်/သွပ်မိုး(၂)ထပ် နေအိမ်လုံးပျက်စီးအိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀ဝိ/-)နှင့် ဘေးသင့်လူဦးရေး(၂)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး(၄၂၀ဝိ/-)၊ စုစုပေါင်းရန်ပုံငွေ (၂၀၄၂၀ဝိ/-)ကို (၃၀-၅-၂၀၂၀)ရပ်နေ့တွင်လည်းကောင်း၊ ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးအား (၁၅-၆-၂၀၂၀)ရက်နေ့၊ ညနေ(၁၆း၃၀)အချိန်တွင်လည်းကောင်း ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ha_fir

#rke_jun2020

Source:                 သံတွဲခရိုင်ဦးစီးမှူးရုံး

Sign Up

Upcoming Events