ဇွန်လ ၁၃ ရက်နှင့် ၁၅ ရက်နေ့
~~~~~~~~
၁။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများတွင် နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများအား COVID-19 ရောဂါကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
၂။ (၁၃-၆-၂၀၂၀) ရက်နေ့တွင် ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ်ရှိ မိုင်းယု(ကုန်စုံ)၊ မိုင်းယုလေး၊ နမ့်ဖက်ကာနှစ်ခြင်းအသင်းတော်နှင့် နမ့်ဖက်ကာနယ်မြေလေး စုစုပေါင်း IDP စခန်း(၄)ခုသို့ သွားရောက်၍ Hand Speaker (၄)ခုနှင့် COVID-19 အသိပညာပေးအသံဖိုင် ထည့်သွင်းထားသော Memory Stick (၄)ခုတို့အား သွားရောက်ထောက်ပံ့ခဲ့ပါသည်။
၃။ (၁၅-၆-၂၀၂၀) ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ ကန်စောက်ဘုန်းကြီးကျောင်း၊ တောင်မင်းဘုန်းကြီးကျောင်း၊ ဝါးတောင်တိုက်ပွဲရှောင်စခန်း၊ ညောင်ချောင်းကျေးရွာအရှေ့ဘက်ကျေးရွာပိုင်ဘုံမြေနေရာ၊ မြို့နယ်သာသနာ့ဗိမာန်၊ ခရစ်တော်အသင်းကျောင်း၏ ကျမ်းစာကျောင်း၊ မြို့မ(အ.မ.က)စာသင်ကျောင်း၊ မဟာကံကြီးသျှင်ဘုရား၊ မြို့သစ်ရပ်ကွက် နေပူခံတိုက်ပွဲရှောင်စခန်း၊ ပြည်တော်သာရပ်ကွက်ရှိ (အ.ထ.က)စာသင်ကျောင်း၊ မြို့သစ်ရပ်ကွက်ရှိ အ.မ.က(၃)စာသင်ကျောင်း၊ မြို့မရွှေကျောင်း စုစုပေါင်းယာယီတိုက်ပွဲရှောင်နေရာ (၁၂)ခုသို့သွားရောက်၍ ဆပ်ပြာ(၁၁၃၆၈)တောင့်၊ အဝတ် Mask (၁၁၃၆၈)ခု၊ လက်သန့်ဆေးရည်(၄၉၈၈)ဗူး၊ Hand Speaker (၁၂)ခု၊ အပူချိန်တိုင်းကိရိယာ(၁၂)ခု၊ COVID-19 အသိပညာပေးအသံဖိုင်ထည့်သွင်းထားသော Memory Stick (၁၂)ခုနှင့် ဗီနိုင်း(၁၂)ချပ်တို့အားသွားရောက်ထောက်ပံ့ခဲ့ပါသည်။
၄။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် COVID-19 ကူးစက်ရောဂါကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးနှင့်ပတ်သက်၍ ထောက်ပံ့မှုလုပ်ငန်းများအပြင် အသိပညာပေးလုပ်ငန်းများ၊ အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများနှင့် စိတ်ဓါတ်ရေးရာ မြှင့်တင်ပေးမှုဆိုင်ရာလုပ်ငန်းများကို နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ပြည်နယ်အားလုံးတွင် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။