လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃.၆.၂၀၂၀)ရက်နေ့တွင် မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ လှည်းဆိပ်ခြံကုန်း ကျေးရွာအုပ်စု၊ အလန်းကြီးဝကျေးရွာ၌ ဖြစ်ပွားခဲ့သော မိုးကြိုးဘေးကြောင့် ဒဏ်ရာရရှိခဲ့သူ (၂)ဦးအတွက် ထောက်ပံ့ငွေ (၁၀၀၀၀ဝ/-)ကျပ်နှင့် (၁၄.၆.၂၀၂၀) ရက်နေ့တွင် ပါရမီဒေါင့်ကျေးရွာအုပ်စု၊ ကျုံခရီပိုင်းကျေးရွာ၌ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီး နေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ(၁)စာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀၀၀ဝ/-)ကျပ်၊ လူဦးရေ(၇)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၄၇၀၀/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၂၁၄၇၀၀/-)ကျပ် အား (၁၆-၆-၂၀၂၀)ရက်နေ့၊ နေ့လည်(၁၃:ဝဝ)နာရီ အချိန်တွင် အိမ်မဲမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတွင် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_tls
#ha_sgw
#ayy_jun2020