သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း၏ သင်ခန်းစာများကို ပြန်လည်သုံးသပ်ခြင်းနှင့် ပြင်ဆင်ဖြည့်စွက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲဆောင်ရွက်မှုသတင်း - သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း၏ သင်ခန်းစာများကို ပြန်လည်သုံးသပ်ခြင်းနှင့် ပြင်ဆင်ဖြည့်စွက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲဆောင်ရွက်မှုသတင်း - သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း၏ သင်ခန်းစာများကို ပြန်လည်သုံးသပ်ခြင်းနှင့် ပြင်ဆင်ဖြည့်စွက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲဆောင်ရွက်မှုသတင်း - သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း၏ သင်ခန်းစာများကို ပြန်လည်သုံး သပ်ခြင်း နှင့် ပြင်ဆင်ဖြည့်စွက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပမှုသတင်း - ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်/မြို့နယ် ဒေါနခန်းမ၌ အသိပညာပေးဟောပြောပွဲ ဆောင် ရွက်မှုသတင်း - မြဝတီမြို့၊ အ.ထ.က(ခွဲ) ဝှေ့ရှမ်းကျောင်းနှင့် အ.ထ.က သင်္ဃန်းညီနောင်ကျောင်းတို့တွင် အသိပညာပေး ဟောပြောပွဲပြုလုပ်မှုသတင်း - မြဝတီခရိုင်၊ မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်၊ ခေါက်မလိလမ်းတွင် မီးဘေးထောက်ပံ့မှုသတင်း - ကရင်ပြည်နယ်၊ အ.ထ.က (၅) ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ကရင်ပြည်နယ်၊ အ.ထ.က(အိန္ဒု)ကျောင်း၌ အသိပညာပေးဟောပြောပွဲဆောင်ရွက်မှုသတင်း - မော်လမြိုင်ကျွန်းမြို့နယ်၊ မရဲ့အုန်းပင်စုကျေးရွာ၊ ဘတ်စုံသုံးခန်းမတွင် သဘာဝဘေးလျော့ပါး ရေး စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား) သင်တန်းဖွင့်လှစ်မှုသတင်း

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • ကမ်းပြိုဘေးသင့် ထောက်ပံ့ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ အ​ရှေ့​​လေးအိမ်​ကျေးရွာအုပ်စု၊ မြင်းခြံစု​ကျေးရွာ၊ နန်း​တော်ကျွန်း​ကျေးရွာအုပ်စု၊ ထူး​ကျေးရွာနှင့် ​ပေါက်ကုန်း​ကျေးရွာအုပ်စု၊ ​ကျောင်းစု​ကျေးရွာ၊ ဇီးကုန်းကျေးရွာတို့တွင် (၁၆-၆-၂၀၂၀)ရက်​နေ့၌ ဖြစ်ပွားခဲ့​သော ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် ​ကြိုတင်ပြောင်း​ရွှေ့အိမ်​ခြေ(၄၅)လုံး၊ အိမ်​ထောင်စု(၄၅)စုတို့အတွက် အိမ်​ဆောက်ပစ္စည်းဖိုး(၄,၅၀၀,၀၀၀ိ/-)၊ လူဦး​ရေ(၁၉၂)ဦးအတွက် ဆန်ရိက္ခါ(၇)ရက်စာ (၄၀၃,၂၀၀ိ/-)ကျပ်၊ စုစု​​ပေါင်း​ထောက်ပံ့​ငွေ(၄,၉၀၃,၂၀၀ိ/-)အား (၁၇-၆-၂၀၂၀)ရက်​နေ့၊ (၁၄:၀၀)အချိန်တွင် အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ​ဘေးသင့်ပြည်သူများ လက်ဝယ်အ​ရောက် သွား​ရောက်ထောက်ပံ့​ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_rbe #mgy_jun2020 Source:                 မင်းဘူးခရိုင်ဦးစီးမှူးရုံး ( ဘစမ … Read more

  • မိုးကြိုးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မင်းကင်းမြို့နယ်ဦးစီးမှူးရုံးမှ (၁၇-၆-၂၀၂၀) ရက်နေ့တွင် မင်းကင်းမြို့နယ်၊ ကံကျေးရွာ၊ တောင်ယာတောကျေးရွာ၊ ကျေးတောင်ဦးကျေးရွာနှင့် အမြန်ရေယာဉ်ဂိတ်တို့၌ လျှပ်စီးလက်ခြင်းနှင့် မိုးကြိုးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: : မင်းကင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_jun2020

  • မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  (၁၅-၆-၂၀၂၀) ရက်နေ့နံနက်(၁၁:၂ဝ)အချိန်တွင် တာချီလိတ်မြို့၊ မိုင်းကိုးကျေးရွာအုပ်စု၊ ဝမ်ကောင်း(၂)ကျေးရွာ၌မီးလောင်မှုဖြစ်ပွားခဲ့ရာ လောင်ကျွမ်းပျက်စီးခဲ့သည့် အိမ်ခြေ(၁)လုံး(တစ်စိတ်တစ်ပိုင်း)အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ်(၁၅၀၀ဝိ/-)၊ ဘေးသင့်လူဦးရေ(၄)ဦးအတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာကျပ်(၈၄၀ဝိ/-)၊ စုစုပေါင်းထောက်ပံငွေကျပ်(၂၃၄ဝဝ)အား (၁၇-၆-၂၀၂၀) ရက်နေ့၊ နံနက်(၁၁:ဝဝ)အချိန်တွင် မိုင်းကိုးကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ဘေးသင့်ပြည်သူထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_fir #shn_jun2020 Source:                 တာချီလိတ်မြို့နယ်ဦးစီးမှူးရုံး ( ဘစမ )  

  • ကမ်းပြိုဘေးသင့်ပြည်သူအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကောလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၆-၂၀၂၀)ရက်နေ့၊ ကောလင်းမြို့နယ်၊ သပြေအိုင်ကျေးရွာအုပ်စု၊ ချောင်းကွေ့ကျေးရွာ၊ ရွာလယ်မှဖြတ်သွားသော စင်လင် ချောင်းရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျပြီး ရွှေ့ပြောင်းအိမ်ထောင်စု (၁)စု လူဦးရေ (၄)ဦး အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး၊ ကယ်ဆယ်ရေးထောက်ပံ့ငွေ (၁၀၀,၀၀၀ိ/-)ကျပ်၊ ဆန်ရိက္ခာဖိုး (၇)ရက်စာ (၄)ဦးအတွက် ထောက်ပံ့ငွေ(၈၄၀၀ိ/-)ကျပ်၊ စုစုပေါင်း (၁၀၈,၄၀၀ိ/-) ကျပ် အား (၁၇-၆-၂၀၂၀)ရက်နေ့၊ နံနက် (၁၁:၀၀)နာရီအချိန်တွင် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်နှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: … Read more

  • ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  ဇလွန်မြို့နယ်၊ ကူးတို့ဆိပ် ကျွေးရွာအုပ်စု၊ နှစ်အိမ်တန်းကျေးရွာတွင် (၁၅/၁၆ -၆ -၂၀၂၀)နေ့ ၌ ဖြစ်ပွားခဲ့သော ကမ်းပြို ဘေးကြောင့် ကြိုတင်ပြောင်းရွှေ့ခဲ့သော အိမ်ထောင်စု (၁၄) စု၊ လူဦးရေ (၄၃) ဦး အတွက် အိမ်ဆောက် ပစ္စည်းထောက်ပံ့ငွေ (၁,၄၀၀,၀၀၀/-) ကျပ်၊ လူဦးရေ (၄၃) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုး ထောက်ပံ့ငွေ (၉၀,၃၀၀/-) ကျပ်၊ စုစုပေါင်း … Read more

  • မိုးကြိုးဘေးသင့်ပြည်သူအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၆-၂၀၂၀) ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ ကျောင်းစုရပ်ကွက်၊ လွှဇာတုန်း ကျေးရွာတွင် ဖြစ်ပွားခဲ့သော မိုးကြိုးဘေးမှ သေဆုံးသူ(၁)ဦးအတွက် သေဆုံးထောက်ပံ့ငွေ (၃၀၀,၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၀၀,၀၀၀/-)ကျပ်အား (၁၇-၆-၂၀၂၀)ရက်နေ့ (၁၁း၃၀) နာရီအချိန်တွင် ဘေးသင့်နေအိမ်၌ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူလက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: : မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_tls #bgo_jun2020