
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကောလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၆-၂၀၂၀)ရက်နေ့၊ ကောလင်းမြို့နယ်၊ သပြေအိုင်ကျေးရွာအုပ်စု၊ ချောင်းကွေ့ကျေးရွာ၊ ရွာလယ်မှဖြတ်သွားသော စင်လင် ချောင်းရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျပြီး ရွှေ့ပြောင်းအိမ်ထောင်စု (၁)စု လူဦးရေ (၄)ဦး အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး၊ ကယ်ဆယ်ရေးထောက်ပံ့ငွေ (၁၀၀,၀၀၀ိ/-)ကျပ်၊ ဆန်ရိက္ခာဖိုး (၇)ရက်စာ (၄)ဦးအတွက် ထောက်ပံ့ငွေ(၈၄၀၀ိ/-)ကျပ်၊ စုစုပေါင်း (၁၀၈,၄၀၀ိ/-) ကျပ် အား (၁၇-၆-၂၀၂၀)ရက်နေ့၊ နံနက် (၁၁:၀၀)နာရီအချိန်တွင် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်နှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: : ကောလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ha_rbe
#sgg_jun2020