ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  ဇလွန်မြို့နယ်၊ ကူးတို့ဆိပ် ကျွေးရွာအုပ်စု၊ နှစ်အိမ်တန်းကျေးရွာတွင် (၁၅/၁၆ -၆ -၂၀၂၀)နေ့ ၌ ဖြစ်ပွားခဲ့သော ကမ်းပြို ဘေးကြောင့် ကြိုတင်ပြောင်းရွှေ့ခဲ့သော အိမ်ထောင်စု (၁၄) စု၊ လူဦးရေ (၄၃) ဦး အတွက် အိမ်ဆောက် ပစ္စည်းထောက်ပံ့ငွေ (၁,၄၀၀,၀၀၀/-) ကျပ်၊ လူဦးရေ (၄၃) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုး ထောက်ပံ့ငွေ (၉၀,၃၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁,၄၉၀,၃၀၀/-) ကျပ်အား (၁၇-၆-၂၀၂၀) ရက်နေ့ (၁၁:၄၅) နာရီအချိန်တွင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် အတူ ဇလွန်မြို့နယ်၊  အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၌ ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။

#ha_rbe

#ayy_jun2020

Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events