လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၆-၂၀၂၀) ရက်နေ့နံနက်(၁၁:၂ဝ)အချိန်တွင် တာချီလိတ်မြို့၊ မိုင်းကိုးကျေးရွာအုပ်စု၊ ဝမ်ကောင်း(၂)ကျေးရွာ၌မီးလောင်မှုဖြစ်ပွားခဲ့ရာ လောင်ကျွမ်းပျက်စီးခဲ့သည့် အိမ်ခြေ(၁)လုံး(တစ်စိတ်တစ်ပိုင်း)အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ်(၁၅၀၀ဝိ/-)၊ ဘေးသင့်လူဦးရေ(၄)ဦးအတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာကျပ်(၈၄၀ဝိ/-)၊ စုစုပေါင်းထောက်ပံငွေကျပ်(၂၃၄ဝဝ)အား (၁၇-၆-၂၀၂၀) ရက်နေ့၊ နံနက်(၁၁:ဝဝ)အချိန်တွင် မိုင်းကိုးကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ဘေးသင့်ပြည်သူထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_fir
#shn_jun2020
Source: တာချီလိတ်မြို့နယ်ဦးစီးမှူးရုံး ( ဘစမ )