လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ အရှေ့လေးအိမ်ကျေးရွာအုပ်စု၊ မြင်းခြံစုကျေးရွာ၊ နန်းတော်ကျွန်းကျေးရွာအုပ်စု၊ ထူးကျေးရွာနှင့် ပေါက်ကုန်းကျေးရွာအုပ်စု၊ ကျောင်းစုကျေးရွာ၊ ဇီးကုန်းကျေးရွာတို့တွင် (၁၆-၆-၂၀၂၀)ရက်နေ့၌ ဖြစ်ပွားခဲ့သော ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ပြောင်းရွှေ့အိမ်ခြေ(၄၅)လုံး၊ အိမ်ထောင်စု(၄၅)စုတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၄,၅၀၀,၀၀၀ိ/-)၊ လူဦးရေ(၁၉၂)ဦးအတွက် ဆန်ရိက္ခါ(၇)ရက်စာ (၄၀၃,၂၀၀ိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၄,၉၀၃,၂၀၀ိ/-)အား (၁၇-၆-၂၀၂၀)ရက်နေ့၊ (၁၄:၀၀)အချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_rbe
#mgy_jun2020
Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး ( ဘစမ )