မြဝတီမြို့၊ အ.ထ.က(ခွဲ) ဝှေ့ရှမ်းကျောင်းနှင့် အ.ထ.က သင်္ဃန်းညီနောင်ကျောင်းတို့တွင် အသိပညာပေး ဟောပြောပွဲပြုလုပ်မှုသတင်း - မြဝတီခရိုင်၊ မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်၊ ခေါက်မလိလမ်းတွင် မီးဘေးထောက်ပံ့မှုသတင်း - ကရင်ပြည်နယ်၊ အ.ထ.က (၅) ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ကရင်ပြည်နယ်၊ အ.ထ.က(အိန္ဒု)ကျောင်း၌ အသိပညာပေးဟောပြောပွဲဆောင်ရွက်မှုသတင်း - မော်လမြိုင်ကျွန်းမြို့နယ်၊ မရဲ့အုန်းပင်စုကျေးရွာ၊ ဘတ်စုံသုံးခန်းမတွင် သဘာဝဘေးလျော့ပါး ရေး စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား) သင်တန်းဖွင့်လှစ်မှုသတင်း - လှိုင်းဘွဲမြို့နယ်၊ (ဃ)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝ​ဘေးအသိပညာ​ပေး​ဟော​ပြောပွဲ​ဆောင်ရွက်မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(၁)စာသင်ကျောင်း၌ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်မှုသတင်း - ဘားအံမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ အုတ်ဖို(၃)လမ်း၌ လေပြင်းဘေးထောက်ပံ့မှုသတင်း - ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းတွင် ငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းပြုလုပ်မှုသတင်း - လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အထက(၁) သင်တန်းခန်းမတွင် အသိပညာပေးဟောပြောမှုသတင်း

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • Covid-19 ကူးစက်ရောဂါနှင့် မိုးကြိုးဘေး အသိပညာပေး ဆောင်ရွက်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၆-၂၀၂၀) ရက်နေ့ နံနက် (၉:၃၀) အချိန်မှ ညနေ(၁၅:၃၀) အချိန်အထိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် မိုးကြိုး​ဘေးအသိပညာ​ပေး​ဆောင်ရွက်မှုကို ​​ဒေးဒရဲမြို့နယ်၊ ကျုံဘုတ်ကျေးရွာအုပ်စု၊ ကျုံဘုတ်ကျေးရွာ၊ ​​ချောင်းပိုင်းကျေးရွာ၊​အုန်းခြံကျေးရွာ၊ စက်ကုန်းကျေးရွာ၊​ ကျောင်းကုန်းကျေးရွာ၊ ကျုံဘုတ်ကြီး​ကျေးရွာရှိ ပြည်သူများသို့ ပန်ကြားခြင်းနှင့် အသိပညာ​ပေးဗီနိုင်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_jun2020 Source:             ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအသိပညာပေး ဆောင်ရွက်

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၈.၆.၂၀၂၀)ရက်နေ့၌ သရက်ချောင်းမြို့နယ်အတွင်းရှိ ဆင်ကူးကျေးရွာနှင့် ဘုတ်ကိုင်းကျေးရွာတို့တွင် လော်စပီကာ၊ Memory stickနှင့်Hand Speaker တို့ဖြင့် Covid-19‌ လတ်တရောဂါအသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပက်သက်၍ လိုက်နာ‌ေဆာင်ရွက်ရမည့်အချက်များနှင့် မိုးရာသီကာလသို့‌ရောက်ရှိလာပြီဖြစ်သည့်အတွက် ရေဘေး၊ မြေပြိုဘေးနှင့် မိုးကြိုးဘေးစသည့် သဘာဝဘေးအန္တရာယ်နှင့်ပက်သက်သည့် ဆောင်ရန်‌/ရှောင်ရန်အချက်များအား ပြည်သူသို့ အသိပညာပေးပန်ကြားချက်များအား လှည့်လည်ကြေညာခြင်းများဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များနှင့် ဗီနိုင်းပိုစတာများပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #tny_jun2020 Source:             သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအသိပညာပေး ဆောင်ရွက်

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၆-၂၀၂၀)ရက်နေ့ညနေ (၁၃း၀၀)အချိန်မှ (၁၄း၁၅)အချိန်အထိ ကျောက်ဖြူမြို့၊ စေတီယျရပ်ကွက်တွင် COVID-19ရောဂါ၊ မုန်တိုင်းဘေး၊ မိုးကြိုးဘေး၊ ရေဘေးတို့နှင့် ပတ်သက်၍ ပြည်သူလူထုမှ သိရှိလိုက်နာဆောင်ရွက်နိုင်ရန် ဆောင်ရန်/ရှောင်ရန် အချက်များအား Hand Speaker ဖြင့်လိုက်လံနှိုးဆော်ခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #rke_jun2020 Source:             ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • သောက်သုံးရေဖြန့်ဝေခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေခက်ခဲသော မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာ(အနောက်ပိုင်း၊ တောင်ပိုင်း)၊ ဘိုတဲ(တဲတိုက်)နှင့် ဦးကျော်စိန်(တဲတိုက်)ရှိ အိမ်ခြေ (၁၀၃) လုံး၊ အိမ်ထောင်စု(၁၀၉) စု၊ လူဦးရေ (၅၁၅) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆၀၀၀) အား ( ၂၈- ၆-၂၀၂၀) ရက်နေ့ ( ၁၁ : ၀၀ ) နာရီအချိန်တွင် သွားရောက်ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။   #ha_drg #mgy_jun2020 Source:             မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး … Read more

  • အငယ်တန်းစာရေး ရာထူးနှင့် ပစ္စည်းထိန်း-၅ ရာထူးရေးဖြေစာမေးပွဲကျင်းပမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ် ဦးစီးမှူးရုံးမှ ဦးဆောင်၍ (၂၈-၆-၂၀၂၀) ရက်နေ့တွင် အငယ်တန်းစာရေးရာထူးနှင့် ပစ္စည်းထိန်း-၅ ရာထူးများအတွက်‌ သုတရေးရာ စာမေးပွဲအား စစ်တွေမြို့၊ အ.ထ.က(၂)၌ (၀၉:၀၀)နာရီအချိန်မှ (၁၁:၀၀)နာရီအချိန်အထိ စစ်ဆေးခဲ့ပြီး  အငယ်တန်းစာရေးရာထူး အတွက် စာရင်းရှိ (၁၃၄)ဦး၊ ဖြေဆိုသူ (၆၆)ဦး၊ ပျက်ကွက် (၆၈)ဦးဖြစ်ပါသည်။ ပစ္စည်းထိန်း-၅ ရာထူးအတွက် စာရင်းရှိ (၇၇)ဦး၊ ဖြေဆိုသူ (၄၂)ဦး၊ ပျက်ကွက် (၃၅)ဦး ဖြစ်ကြောင်း သတင်းရရှိပါသည်။ #otr #rke_jun2020 … Read more

  • အငယ်တန်းစာရေး ရာထူးနှင့် ပစ္စည်းထိန်း-၅ ရာထူးရေးဖြေစာမေးပွဲကျင်းပမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ် ဦးစီးမှူးရုံးမှ ဦးဆောင်၍ (၂၇-၆-၂၀၂၀)ရက်နေ့တွင် ‌အငယ်တန်းစာရေးရာထူးနှင့် ပစ္စည်းထိန်း-၅ ရာထူးများအတွက်‌ ရေး‌ဖြေ စာမေးပွဲအား စစ်တွေမြို့၊ အ.ထ.က(၂)၌ ‌‌ကျင်းပပြုလုပ်ခဲ့ပါသည်။ အငယ်တန်းစာရေးရာထူးအတွက် မြန်မာစာဘာသာရပ်အား (၀၉:၀၀)နာရီအချိန်မှ (၁၁:၀၀)နာရီအချိန်အထိ စစ်ဆေးခဲ့ပြီး စာရင်းရှိ(၁၃၄)ဦး၊ ဖြေဆိုသူ(၆၇)ဦး၊ ပျက်ကွက်(၆၇)ဦးဖြစ်ပါသည်။ အဂ်လိပ်စာဘာသာရပ်အား (၁၃:၀၀)နာရီမှ (၁၅:၀၀) နာရီအထိ စစ်ဆေးခဲ့ပြီး စာရင်းရှိ(၁၃၄)ဦး၊ ဖြေဆိုသူ(၆၆)ဦး၊ ပျက်ကွက် (၆၈)ဦးဖြစ်ပါသည်။ ပစ္စည်းထိန်း-၅ ရာထူးအတွက် မြန်မာစာဘာသာရပ်အား (၀၉:၀၀)နာရီအချိန်မှ (၁၁:၀၀)နာရီ အချိန်အထိ … Read more