လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ် ဦးစီးမှူးရုံးမှ ဦးဆောင်၍ (၂၇-၆-၂၀၂၀)ရက်နေ့တွင် အငယ်တန်းစာရေးရာထူးနှင့် ပစ္စည်းထိန်း-၅ ရာထူးများအတွက် ရေးဖြေ စာမေးပွဲအား စစ်တွေမြို့၊ အ.ထ.က(၂)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အငယ်တန်းစာရေးရာထူးအတွက် မြန်မာစာဘာသာရပ်အား (၀၉:၀၀)နာရီအချိန်မှ (၁၁:၀၀)နာရီအချိန်အထိ စစ်ဆေးခဲ့ပြီး စာရင်းရှိ(၁၃၄)ဦး၊ ဖြေဆိုသူ(၆၇)ဦး၊ ပျက်ကွက်(၆၇)ဦးဖြစ်ပါသည်။ အဂ်လိပ်စာဘာသာရပ်အား (၁၃:၀၀)နာရီမှ (၁၅:၀၀) နာရီအထိ စစ်ဆေးခဲ့ပြီး စာရင်းရှိ(၁၃၄)ဦး၊ ဖြေဆိုသူ(၆၆)ဦး၊ ပျက်ကွက် (၆၈)ဦးဖြစ်ပါသည်။ ပစ္စည်းထိန်း-၅ ရာထူးအတွက် မြန်မာစာဘာသာရပ်အား (၀၉:၀၀)နာရီအချိန်မှ (၁၁:၀၀)နာရီ အချိန်အထိ စစ်ဆေးခဲ့ပြီး စာရင်းရှိ (၇၇)ဦး၊ ဖြေဆိုသူ (၄၃)ဦး၊ ပျက်ကွက် (၃၄)ဦးဖြစ်ပါသည်။ အင်္ဂလိပ်စာဘာသာရပ်အား (၁၃:၀၀)နာရီမှ (၁၅:၀၀) နာရီအထိ စစ်ဆေးခဲ့ပြီး စာရင်းရှိ(၇၇)ဦး၊ ဖြေဆိုသူ (၄၂)ဦးပျက်ကွက် (၃၅)ဦး ဖြစ်ကြောင်း သတင်းရရှိပါသည်။
#otr
#rke_jun2020
Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)