လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၆-၂၀၂၀) ရက်နေ့ နံနက် (၉:၃၀) အချိန်မှ ညနေ(၁၅:၃၀) အချိန်အထိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် မိုးကြိုးဘေးအသိပညာပေးဆောင်ရွက်မှုကို ဒေးဒရဲမြို့နယ်၊ ကျုံဘုတ်ကျေးရွာအုပ်စု၊ ကျုံဘုတ်ကျေးရွာ၊ ချောင်းပိုင်းကျေးရွာ၊အုန်းခြံကျေးရွာ၊ စက်ကုန်းကျေးရွာ၊ ကျောင်းကုန်းကျေးရွာ၊ ကျုံဘုတ်ကြီးကျေးရွာရှိ ပြည်သူများသို့ ပန်ကြားခြင်းနှင့် အသိပညာပေးဗီနိုင်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#ayy_jun2020
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)