လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ် ဦးစီးမှူးရုံးမှ ဦးဆောင်၍ (၂၈-၆-၂၀၂၀) ရက်နေ့တွင် အငယ်တန်းစာရေးရာထူးနှင့် ပစ္စည်းထိန်း-၅ ရာထူးများအတွက် သုတရေးရာ စာမေးပွဲအား စစ်တွေမြို့၊ အ.ထ.က(၂)၌ (၀၉:၀၀)နာရီအချိန်မှ (၁၁:၀၀)နာရီအချိန်အထိ စစ်ဆေးခဲ့ပြီး အငယ်တန်းစာရေးရာထူး အတွက် စာရင်းရှိ (၁၃၄)ဦး၊ ဖြေဆိုသူ (၆၆)ဦး၊ ပျက်ကွက် (၆၈)ဦးဖြစ်ပါသည်။ ပစ္စည်းထိန်း-၅ ရာထူးအတွက် စာရင်းရှိ (၇၇)ဦး၊ ဖြေဆိုသူ (၄၂)ဦး၊ ပျက်ကွက် (၃၅)ဦး ဖြစ်ကြောင်း သတင်းရရှိပါသည်။
#otr
#rke_jun2020
Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)